Friday, March 4, 2016

PSG နှင့်ဒုတိယအကျော့ပွဲစဉ် တယ်ရီပါဝင်လာမည်

ချဲလ်ဆီးအသင်းခေါင်းဆောင် ဂျွန်တယ်ရီဟာ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် PSG အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်မှာ ပြန်လည်ပါဝင်ကစားနိုင်လိမ့်မယ်လို့ မျှော်မှန်းထားကြောင်း Sports mole သတင်းမှာ ဖော်ပြခဲ့ပါတယ်။ အသက် (၃၅) နှစ်အရွယ်ရှိ တယ်ရီဟာ ပြီးခဲ့တဲ့ လအတွင်းက နယူးကာဆယ်အသင်းကို (၅) ဂိုး (၁) ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ တံကောက်ကြောဒါဏ်ရာရရှိသွားခဲ့တာ ဖြစ်ပြီး ချဲလ်ဆီးအသင်းရဲ့ နောက်ဆုံးပွဲစဉ် (၄) ပွဲမှာ ပါဝင်ကစားနိုင်ခြင်းမရှိဘဲ အနားယူနေရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျွန်တယ်ရီက သူဟာ PSG အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်မှာ ပြန်လည်ကစားနိုင်ဖို့ မျှော်မှန်းထားပြီး၊ မတ်လ (၅) ရက်နေ့မှာ ကစားမယ့် စတုတ်စီးတီးအသင်းနဲ့ ပွဲစဉ်မှာတောင် ပြန်လည် ပါဝင်ကစားနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ “PSG အသင်းနဲ့ပွဲမှာ ပြန်ကစားနိုင်ဖို့ကို ကျွန်တော် အဓိက မျှော်မှန်းထားပါတယ်။ စတုတ်စီးတီးနဲ့ပွဲမှာတောင် ကျွန်တော် ပြန်ကစားနိုင်ပါတယ်။ကျွန်တော့်ရဲ့ ဒါဏ်ရာအခြေအနေဟာ ကောင်းမွန်လာပါပြီ” လို့ ဂျွန်တယ်ရီက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိ ချဲလ်ဆီးအသင်း ယာယီနည်းပြ ဂူးဟစ်ဒင့်ဟာ အခုနှစ်ဘောလုံးရာသီကျော်သည်အထိ အသင်းမှာ ဆက်ရှိနေမှာဖြစ်တယ်လို့လည်း ဂျွန်တယ်ရီက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment