Monday, March 14, 2016

မန်ယူ နဲ့ အသံကျယ် လာတဲ့ မိုဗစ်

ရာသီကုန် မှာ ပြင် သစ် အင် အားကြီး ကလပ် ဖြစ် တဲ့ ပါရီစိန့်ဂျာမိန်း အသင်းက နေ ထွက် ခွာတော့မယ့် ဆွီဒင် တိုက် စစ် မှုးကြီး အီဘရာဟီမိုဗစ်ခ်ျ ကို ကလပ် အသင်းများစွာက စောင့်ကြည့်နေကြပါတယ် ။ အသက် ၃၅ နှစ် ပြည့်တော့မှာဖြစ်ပေမယ့် တိုက်စစ် မှုးကြီးဟာ ယခုနှစ် ရာသီမှာ PSG အတွက် ၂၇ ဂိုးသွင်းယူပေးထားခဲ့ပြီး ပြီးခဲ့တဲ့ ရက် ပိုင်းက လန် ဒန် မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းဆင့်ပွဲစဉ် မှာလည်း ချဲလ်ဆီးအသင်းကို အနိုင် ရရှိရာမှာ အဓိက အခန်းက နေ ပါဝင် ခဲ့ပါတယ် ။

ပရီးမီးယားလိဂ် အသင်းတွေဖြစ် တဲ့ ၀က်စ် ဟမ်း ၊ အာဆင် နယ် ၊ မန်ယူ ၊ အီတလီစီးရီးအေ က အသင်းဟောင်း အေစီမီလန် တို့က ခေါ်ယူဖို့ စိတ် ၀င် စားနေတဲ့ မိုဗစ် ဟာ မန်ယူ အသင်းကို ရောက် ရှိနိုင် တယ် လို့ ပြင် သစ် နာမည် ကျော် သတင်းစာ L’Equipe က ဆိုသွားခဲ့ပါတယ် ။ သတင်းစာရဲ့ အဆိုအရ မန်ယူ အသင်းဟာ မိုဗစ် ကို ခေါ်ယူပြီး အသင်းရဲ့ သွင်းဂိုးတာဝန်တွေကို ထမ်းပိုးထားရတဲ့ ဆယ် ကျော် သက် ကြယ် ပွင့် မာရှယ် ရဲ့ ဦးဆောင် လမ်းပြအဖြစ် သင်ကြားပေးနိုင် စေဖို့ ရည် ရွယ် ထားတယ် လို့ သိရပါတယ် ။ ဒါ့ အပြင် မန်ယူ အသင်းဟာ အသက် အရွယ် ကြီးမြင့်နေပြီဖြစ် တဲ့ ၀ါရင့်ကစားသမားတွေကို ခေါ်ယူဖို့ လက်တွန့် တဲ့ အသင်းမဟုတ်ကြောင်း ရှဝိန်းစတိုင် ဂါ ကို ခေါ်ယူခြင်းဖြင့် သက် သေပြခဲ့ပြီးဖြစ် တယ် လို့လည်း သတင်း စာက ဆိုသွားခဲ့ပါတယ် ။

မန်ယူအသင်းက တော့ မိုဗစ် ကို ချိတ် ဆက် နေပြီဆိုတဲ့ သတင်းတွေကို ငြင်းဆန်သွားခဲ့ပေမယ့် သတင်းတွေ ရဲ့ အဆိုအရ စွယ် စုံ ရတိုက် စစ် မှုးကြီးကို လာမယ့် ဘောလုံးရာသီမှာ ယူနိုက်တက် အကျီ နဲ့မြင်တွေ့ရနိုင် ဖွယ် ရှိတယ် လို့ ထင်မြင် မိပါတယ် ။

Credit – sport





အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment