Monday, March 7, 2016

လက်စတာ ချန်ပီယံဖြစ်မည်ဟု လောင်းကြေးထပ်ထားသည့် ပရိသတ် ဆုကြေးငွေ ရရှိ

ရာသီကုန်မှာ လက်စတာစီးတီး ချန်ပီယံဖြစ်မယ်လို့ လောင်းကြေးထပ်ထားတဲ့ ပရိသတ်တစ်ဦးဟာ ဆုကြေးငွေတွေထုတ်ယူလိုက်ပြီဖြစ်ပါတယ်။ ရာသီကုန်ဆုံးဖို့ ဆယ်ပတ်အလိုမှာ ဆုကြေးငွေ ထုတ်ယူလိုက်တဲ့အတွက် ဆုကြေးအပြည့်ကိုတော့ မရခဲ့ပါဘူး။ ရာသီမစခင် ၂၀၁၅ သြဂုတ်လတုန်းက အဆိုပါပရိသတ်ဟာ လက်စတာ ချန်ပီယံဖြစ်မယ်လို့ ပေါင် ၅၀ လောင်းကြေး ထပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ရာသီမကုန်ခင်မှာ ဆုကြေးထုတ်ယူလိုက်တဲ့အတွက် လောင်းကြေး အနိုင်ငွေအဖြစ် ၇၂,၃၃၅ ပေါင်သာ ရရှိခဲ့ပါတယ်။ ရာသီကုန်တဲ့အထိ ဆုကြေးမထုတ်ပဲ လက်စတာချန်ပီယံဖြစ်ခဲ့မယ် ဆိုရင်တော့ ပေါင် နှစ်သိန်းခွဲ ရရှိမှာပါ။ ဒါပေမယ့် လက်စတာချန်ပီယံဖြစ်ဖို့အထိ မစောင့်တော့ပဲ သေချာနေတဲ့ ပေါင်ခုနှစ်သောင်းကျော်ကိုသာ ထုတ်ယူခဲ့တာပါ။ ရာသီမစခင်တော့ လက်စတာ ချန်ပီယံဖြစ်ဖို့လောင်းကြေးဟာ ၅၀၀၀ ဆ တစ်ဆအဖြစ် ဒိုင်တွေက ကြေးဖွင့်ခဲ့တာ ဖြစ်ပါတယ်။

Credit – duwun





အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment