လေးရက်တာ ကျင်းပခဲ့တဲ့ လူငယ်ကစားသမား ရွေးချယ်ပွဲမှ ရှမ်းယူနိုက်တက်အသင်း ကစားသမား၃၀ဦး ရွေးချယ်မယ်လို့ သိရပါသည်။အဆိုပါ လူငယ်ကစားသမား ရွေးချယ်ပွဲကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ၂၃၊ ၂၄၊ ၂၉ရက်နဲ့ မတ်၁ရက်နေ့တွေမှာ တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး နေရာအလိုက် အကောင်းဆုံး ကစားနိုင်တဲ့ ကစားသမား၃၀ဦးကို ရွေးချယ်မယ်လို့ သိရပါသည်။
“အဲဒီရွေးချယ်ပွဲကို ကစားသမား၃၂၆ဦး လာရောက် အရွေးချယ်ခံခဲ့ပါတယ်။ အဲဒီထဲကမှ ခြေစွမ်းပြနိုင်တဲ့ ကစာသမား၃၀ဦးကို ရွေးချယ်မှာပါ”လို့ ရှမ်းယူနိုက်တက်အသင်း တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
ရှမ်းယူနိုက်တက် အသင်းအနေဖြင့် အဆိုပါကစားသမား တွေထဲကမှ ၁၈ဦးအထိ လျှော့ချသွားမည်ဖြစ်ပြီး ဒေသခံနည်းပြတွေနဲ့ လေ့ကျင့်သွားမယ်လို့ သိရပါသည်။
ဒါ့အပြင် ရှမ်းယူနိုက်တက်အသင်းဟာ တောင်ကြီးမြို့မှာ ဘောလုံးအကယ်ဒမီ တည်ထောင်ဖို့ စီစဉ်နေတယ်လို့ သိရပါသည်။
Credit – Soccer Myanmar
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment