Saturday, March 12, 2016

ဒီမာရီယာ၊ ဟာနန်ဒက်ဇ်နှင့် ၀ဲလ်ဘတ်တို့သည် လက်ရှိမန်ယူကစားသမား အားလုံးထက်ပိုမို ကောင်းမွန်သည်ဟုဖာဒီနန်မှတ်ချက်ပြု

ပြီးခဲ့သည့် (၃)နှစ်အတွင်းမန်ယူအသင်းမှရောင်းချခဲ့သော ကစားသမားများသည် လက်ရှိမန်ယူ ကစားသမားများအားလုံးထက်ပိုမိုကောင်းမွန်သည်ဟုမန်ယူနောက်ခံလူဟောင်းဖာဒီနန်ကမှတ်ချက်ပြုခဲ့သည်။
မန်ယူအသင်းသည် ဖာဂူဆန်ထွက်ခွာပြီးနောက်အသင်းကို သွေးသစ်လောင်းမှုများပြုလုပ်ရာတွင် ဖာဂူဆန်လက်ထက်အသင်း၏အောင်မြင်မှုများတွင် အဓိကအစိတ်အပိုင်းများဖြစ်ခဲ့သော အီဗရာ၊ နာနီ၊ ၀ဲလ်ဘတ်၊ ဟာနန်ဒက်ဇ်၊ အီဗန်၊ ဖလက်ချာ၊ ရာဖေးလ်၊ ကာဂါဝါစသည့်ကစားသမားများကို ရောင်းချမှု များ၊ အလွတ်ထွက်ခွာခွင့်များပြုလုပ်ခဲ့သလို ယခုနှစ်ရာသီအစတွင်လည်း ရာသီကလည်း ဒီမာရီယာ၊ဟာနန်ဒက်ဇ်စသည့်ကစားသမားများကိုလည်းရောင်းချခဲ့သည်။ထို့နောက်အသင်းသို့ ဘလင်း၊ရိုဟို၊ဒါမီယန်၊စတိုင်ဂါ၊ရှနိုင်ဒါလင်စသည့်ကစားသမားများအားကြေးကြီးပေးခေါ်ယူခဲ့သော် လည်းအသင်းမှာရလဒ်ဆိုးများနှင့်ရင်ဆိုင်နေရသည့်အပေါ်ဖာဒီနန်ကယခုကဲ့သို့သုံးသပ်ခဲ့ခြင်း ဖြစ်သည်။
ဖာဒီနန်က "အသင်းကထွက်ခွာသွားတဲ့ကစားသမားတွေကိုကျွန်တော်ဒီမှာချရေးကြည့်ပါတယ်။ သူတို့ဟာ အသင်းမှာရှိစဉ်ကထက်ပိုမိုသာလွန်တဲ့စွမ်းဆောင်ရည်တွေ ကိုပြသနေပါတယ်။ ဒါဟာပြဿနာ တစ်ခုပါ" ဟုပြောကြားခဲ့သည်။
မန်ယူအသင်းမှာ ထွက်ခွာခဲ့ကြသောကစားသမားများဖြစ်သည် လက်ရှိ ဂျူဗင်တပ်စ်နောက်ခံလူ အီဗရာ၊ PSG ကွင်းလယ်လူ ဒီမာရီယာ၊ လေဗာကူဆင်တိုက်စစ်မှူး ဟာနန်ဒက်ဇ်၊ အာဆင်နယ်တိုက်စစ်မှူး ၀ဲလ်ဘတ်တို့မှာ အကောင်းဆုံးပုံစံကိုပြသနေကြပြီး မန်ယူအသင်း၏ လက်ရှိကစားသမားများမှာမူပုံမှန်ခြေစွမ်းရရန်ပင်ရုန်းကန်နေ ရခြင်းအပေါ်ဖာဒီနန်မှာ ထောက်ပြခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းသည် ယခုနှစ်ရာသီအစတွင် စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၅၀)ကျော် အသုံးပြုခဲ့သော်လည်း အသင်းမှာ ချန်ပီယံလိဂ်အုပ်စုအဆင့်မှထွက်ခွာခဲ့ရသလို၊ ယူရိုပါလိဂ်တွင်လည်း (၁၆)သင်းအဆင့်တွင် လီဗာပူးလ်အားပထမအကျော့၌ (၂)ဂိုးပြတ်ရှုံးနိမ့်ထားသည်။ ထို့အပြင်ပရီးမီးယားလိဂ်၌လည်း ပွဲစဉ်(၂၉)ပွဲကစားပြီးချိန်၌ထိပ်ဆုံးမှလက်စတာနှင့် (၁၃)မှတ်အကွာ အဆင့်(၆)နေရာတွင်ရပ်တည်နေပြီးလာမည့်ရာသီချန်ပီယံလိဂ်အတွက်လည်းရုန်းကန်ရဖွယ်ရှိနေ သည်။

Credit – eleven sport




အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment