Thursday, March 10, 2016

အဂူရို ဆီက သင် ယူနေပါတယ် ဆိုတဲ့ စတာလင်

မန်စီးတီးအသင်းရဲ့ တောင် ပံ ကစားသမား စတာလင် က အသင်းရဲ့ တိုက် စစ် မှုး အဂူရို ကို လေးစား အားကျပြီး အာဂျင် တိုင်းသားရဲ့ အဆုံးသတ် ဂိုးသွင်းစွမ်းရည်တွေကို လေ့လာသင် ယူ နေတယ် လို့ ပြောဆို သွားခဲ့ပါတယ် ။ လီဗာပူးအသင်းက နေ မန်စီးတီးထံ ပြီးခဲ့တဲ့ နွေရာသီက ပြောင်းရွှေ့လာခဲ့တဲ့ စတာလင် ဟာ အသင်းအတွက် ၁၁ ဂိုးသွင်းယူနိုင် ခဲ့ပြီးဖြစ် ပေမယ့် အစ် တီ ဟတ် ကွင်းကြီးထဲမှာ သင် ယူ စရာတွေများစွာ ကျန် ရှိနေပါသေးတယ် ။ ဒီဘရိုင်း ( ၁၃ ဂိုး ) နဲ့ အဂူရို ( ၂၁ ဂိုး ) တို့သာ စတာလင် ထက် ပိုပြီး ဂိုးသွင်းယူထား နိုင် ခဲ့ပါတယ် ။ “ကျွန်တော့ရဲ့ အဆုံးသတ် စွမ်းရည် ကို တိုးတက် လာအောင် လေ့ကျင့်နေပါတယ် ။ ဒါဟာ ကျွန်တော့အတွက် တိုးတက် ဖို့ လိုအပ် နေ သေးတဲ့ အရာပါ ။ အသင်းမှာ အဆုံးသတ် စွမ်းရည် ထိပ် တန်း ဆင့်မှာရှိနေတဲ့ ကစားသမားတွေရှိနေပါတယ် ။ ကွမ် ( အဂူရို ) က တော့ သူတို့ထဲမှာ ထိပ် ဆုံးကပါ ။ သူ ဘောလုံးကို ဘယ် လို အဆုံးသတ် သလဲ ၊ အ ကောင်း ဆုံး အဆုံးသတ် နိုင် ဖို့ ဘောလုံးကို ဘယ် လို လက် ခံယူတယ် ၊ ဘယ် လို ရှုမြင် သလဲဆိုတာတွေကို သူ့ဆီက ကျွန်တော် လေ့လာနေပါတယ်” လို့ စတာလင် က ပြောဆိုသွားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ လက် ရှိ အမှတ် ပေးဇယားရဲ့ အဆင့် ၄ နေရာမှာ ရပ် တည် နေပြီး ဦးဆောင် သူ လက် စတာ အသင်းနဲ့ ၁၀ မှတ် ကွာဟ နေခဲ့ပါတယ် ။ ဒါ့အပြင် ချန်ပီယံလိဂ် ရှုံးထွက် အဆင့်မှာလည်း နောက် တဆင့် ကို တက် ရောက် ဖို့ အ ခြေ အ နေ အလွန် ကောင်းနေပြီဖြစ် ပါတယ် ။ ယခုနှစ် မှာ အသင်းအတွက် ၁၁ ဂိုးသွင်းယူပေးခဲ့ပြီးဖြစ် ပေမယ့် ရည် မှန်းထားတဲ့ အ ရေအတွက် ကို မပြည့်မီသေးဘူးလို့ စတာလင် က ဆိုသွားခဲ့ပါတယ် ။ “အခု ၁၀ ပွဲ ကစားဖို့ ကျန် ပါသေးတယ် ။ လီဗာပူးမှာတုန်းက ရထားခဲ့တဲ့ ကိုယ် ပိုင် စံချိန် ကို ကျော် ဖို့ ကျွန်တော် ကြိုးစားနေပါတယ် ။ ဒါဟာ ကျွန်တော့ရဲ့ ပစ် မှတ် ပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။

Credit – sport





အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment