Wednesday, March 2, 2016

အာဆင်နယ်မှာ ခေါင်းဆောင်ပိုင်း ကစားသမားတွေ ကင်းမဲ့နေ

အာဆင်နယ်အသင်းနည်းပြ အာဆင်ဝင်းဂါးဟာ ပြီးခဲ့တဲ့ ရက်သတ္တပါတ်တွေအတွင်းက အသင်းအပေါ် ဝေဖန်မှုတွေထွက်ပေါ်လာခဲ့ပေမယ့် အာဆင်နယ်အသင်းမှာ ခေါင်းဆောင်ပိုင်း ကစားသမားတွေ

ကင်းမဲ့နေတယ်ဆိုတာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အာဆင်နယ်အသင်းဟာ လူငယ်ကစားသမားတွေပါဝင်တဲ့ မန်ယူအသင်းကို (၂) ဂိုး (၃) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် အီရန် ရိုက် ၊ ပေါလ် မာဆင် အစရှိတဲ့ အာဆင်နယ် ကစားသမားဟောင်းတွေက လက်ရှိအာဆင်နယ် အသင်းမှာ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ကင်းမဲ့နေကြောင်း ဝေဖန်ခဲ့ကြပါတယ်။ဒါပေမယ့် အာဆင်ဝင်းဂါးကတော့ အသင်းကို ဦးဆောင်ပြီး မောင်းနှင်နိုင်တဲ့ ကစားသမားတွေရှိကြောင်းပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလို ဦးဆောင်ကစားနိုင်တဲ့ ကစားသမားတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာကိုတော့ နာမည်အတိအကျ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိခဲ့ဘဲ ကစားသမားအားလုံးဟာ သူ့နေရာနဲ့သူ ဦးဆောင်နိုင်တဲ့သူတွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ “စိတ်ပိုင်းဆိုင်ရာအရ ပြောရမယ်ဆိုရင် တစ်ကယ်လို့ သင့်အနေနဲ့ ရလာဒ်တွေဆိုးဝါးနေချိန်မှာ ကယ်တင်ရှင်တစ်ဦးလောက် လိုအပ်နေတယ်လို့ သင်တွေးမိမှာပါ။ အခုဘောလုံးရာသီမှာ ကျွန်တော်တို့ဟာ အရေးပါတဲ့ ပွဲကြီးပွဲကောင်းတွေမှာ အနိုင်ရရှိခဲ့ပါတယ်။ ပြီးတော့ အရေးပါတဲ့ပွဲတွေမှာဆိုရင်လည်း အခုရှိနေတဲ့ ကစားသမားအင်အားနဲ့ပဲ ကစားတာပါ။ ကျွန်တော်တို့ အသင်းမှာ ခေါင်းဆောင်ပိုင်းကစားသမားတွေ ကင်းမဲ့နေတယ်လို့တော့ ကျွန်တော်မထင်ပါဘူး” လို့ အာဆင်ဝင်းဂါးက ပြောကြားခဲ့ပါတယ်။



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment