Sunday, March 13, 2016

စ်ပွဲပယ်ပြစ်ဒဏ်နဲ့၇င်ဆိုင်ရင်ရတော့မယ့်အဲဗာတန်ကွင်းလယ်လူဘယ်ရီ

အဲဗာတန်အသင်းရဲ့ကွင်းလယ်လူဖြစ်သူဂါရက်ဘယ်ရီဟာ မနေ့ညကကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်ဖြစ်တဲ့ချဲလ်ဆီးအသင်းကိုအနိုင်ရခဲ့တဲ့ပွဲစဉ်မှာရရှိခဲ့တဲ့အနီကတ်ကြောင့် နှစ်ပွဲပယ်ပြစ်ဒဏ်နဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ အသက်၃၅နှစ်အရွယ်ကွင်းလယ်လူဟာ မနေ့ညကကစားခဲ့တဲ့အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့နည်းပြဂူးဟစ်ဒင့်ရဲ့ချဲလ်ဆီးအသင်းကို၂ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာ လေးမိနစ်အတွင်းနှစ်ဝါပြခါရပြီး အထုတ်ပယ်ခံခဲ့ရပါတယ်။ အဆိုပါအနီကတ်ကြောင့်ယခုဆိုရင်ဘယ်ရီဟာ မတ်လ၁၉ရက်နေ့မှာကစားမယ့်အာဆင်နယ်အသင်းနဲ့ပွဲစဉ်သာမကဧပြီလ၃ရက်နေ့မှာကစားမဲ့မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပွဲစဉ်စသောပွဲကြီးပွဲကောင်းတွေကိုလွဲချော်၇တော့မှာဖြစ်ပါတယ်။ ချဲလ်ဆီးနဲ့ပွဲမှာရရှိခဲ့တဲ့အနီကတ်ဟာဒီရာသီဘယ်ရီအတွက်ဒုတိယမြောက်အနီကတ်ရရှိခဲ့တာဖြစ်ပြီး ပထမအကြိမ်အနီကတ်ဟာအောက်တိုဘာမှာအာဆင်နယ်အသင်းကို၂ဂိုးတစ်ဂိုးနဲ့ရှုံးခဲ့တဲ့ပွဲစဉ်မှာဖြစ်ပြီး ယခုလိုပဲနှစ်ဝါတစ်နီနဲ့ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

Credit – sport




အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment