မန်ချက်စတာယူနိုက်တက်အသင်းရဲ့နောက်ခံလူလူ့ရှောဟာအသင်းအတွက်ပြန်ကစားပေးနိုင်ဖို့နီးစပ် နေပြီဖြစ်တယ်လို့သိရပါတယ်။ လူ့ရှောဟာဒဏ်ရာမရမီကမန်ယူအသင်းအတွက်အကောင်းဆုံးခြေစွမ်းပြကစားပေးနိုင်ခဲ့ပြီး နည်းပြရွိုင်းဟော့ဆန်ရဲ့ယူရို၂၀၁၆လူစာရင်းမှာနေရာတစ်နေရာအခိုင်အမာရရှိပြီး ယူရိုမှာအင်္ဂလန်အသင်းအတွက်ပွဲထွက်ကစားခွင့်ရဖို့မျှော်မှန်းထားသူဖြစ်ပြီး ကံမကောင်းစွာနဲ့ပီအက်ဗီနဲ့ပွဲစဉ်မှာပြင်းထန်လှတဲ့ခြေနှစ်ဘက်စလုံးကျိုးတဲ့ဒဏ်ရာရရှိခဲ့ပါတယ်။ အဆိုပါဒဏ်ရာကြောင့်လူ့ရှောဟာတစ်ရာသီလုံးအနားယူရတော့မှာဖြစ်တယ်လို့အစောပိုင်းခန့်မှန်းချက်တွေအရသိရပါတယ်။
သို့ပေမယ့်လည်းအသက်၂၀အရွယ်အင်္ဂလန်လက်ရွေးစင်နောက်ခံလူရဲ့ဒဏ်ရာဟာတိုးတက်မှုတွေရှိလာခဲ့တာကြောင့်မန်ယူအသင်းအတွက်ဒီရာသီနောက်ဆုံးပွဲစဉ်အနည်းငယ်ကိုတောင်ပြန်လည်ကစား နိုင်လိမ့်မယ်လို့ခန့်မှန်းချက်တွေထွက်ပေါ်နေပါတယ်။ နောက်ထပ်သတင်းကောင်းတစ်ခုအနေနဲ့ လက်ရှိအင်္ဂလန်လက်ရွေးစင်အသင်းရဲ့နည်းပြဖြစ်သူရွိုင်းဟော့ဆန်ကလည်းသူရဲ့ပထမဦးစားပေး ဘယ်နောက်ခံလူ လူ့ရှောသာပွဲကစားဖို့အတွက်ကြံ့ခိုင်မှုအလုံအလောက်ရှိနေခဲ့ရင် လာမည့်နွေရာသီပြင်သစ်မှာကျင်းပမယ့်ယူ၇ို၂၀၁၆ပြိုင်ပွဲကိုခေါ်ယူသွားနိုင်ဖို့်မျှော်လင့်နေတယ်လို့သိရပါတယ်။
Credit – sport
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment