Monday, March 14, 2016

နယူးကာဆယ် တန်းဆင်းပါက သူ၏ စာချုပ်ပျက်ပြယ်မည်ဟု ဘင်နီတက်ဇ် ၀န်ခံ

နယူးကာဆယ်အသင်းနည်းပြသစ် ဘင်နီတက်ဇ်က ယခုရာသီတွင် နယူးကာဆယ် တန်းဆင်းပါက သူ၏ စာချုပ်ပျက်ပြယ်မည်ဖြစ်ကြောင်း ၀န်ခံပြောကြားခဲ့သည်။

ဘင်နီတက်ဇ်သည် နယူးကာဆယ်အသင်းနှင့် (၃)နှစ်စာချုပ် ချုပ်ဆိုထားသော်လည်း နယူးကာဆယ် တန်းဆင်းခဲ့ရပါက လိဂ်ချန်ပီယံရှစ်သို့ လိုက်ပါနည်းပြမည်မဟုတ်ကြောင်း သိရသည်။

ဘင်နီတက်ဇ်က "ဒါက(စာချုပ်ပျက်ပြယ်မှု)က ပုံမှန်ပါပဲ။ ဒါပေမဲ့ ကျွန်တော်က အသင်းအတွက် အကောင်းဆုံး ပေးဆပ်သွားမှာဖြစ်ပြီး ကျွန်တော်တို့ တန်းမဆင်းနိုင်ဘူးလို့ ယုံကြည်ပါတယ်"ဟု ပြောကြားခဲ့သည်။

Credit – eleven sport





အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment