Sunday, March 27, 2016

အထုတ် ခံခဲ့ရတဲ့ ခရက်စ်ပို

အီတလီစီးရီးဘီ ကလပ် မိုဒီနာ အသင်းကို ကိုင် တွယ် နေတဲ့ အေစီမီလန် နဲ့ ချဲလ်ဆီး တိုက် စစ် မှုး ဟောင်း ဟာနန် ခရက်စ်ပို ဟာ ယမန်နေ့က အထုတ် ပယ် ခံခဲ့ရတယ် လို့ သိရပါတယ် ။

ကာဂလီယာလီ အသင်းကို အိမ် ကွင်းမှာ ပွဲချိန် ၉၃ မိနစ် အထိ ၁-၀ နဲ့ အနိုင် ရရှိနေခဲ့ရာက ပွဲအပြီး ( ၉၅ မိနစ် ) မှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပရိသတ် တွေ အလွန် အမင်းဒေါသထွက် ခဲ့ကြပါတယ် ။ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲကို များပြားတဲ့ ပရိသတ်တွေ ၀င် ရောက် လာခဲ့ကြပြီး အသင်းဥက္ကဌဖြစ် သူ နဲ့ ခရက်စ်ပို ရဲ့ ကိစ္စ ကို မေးမြန်းဖို့ကြိုးစားခဲ့ကြပါတယ် ။

အသင်းဥက္ကဌဖြစ် သူ ဟာ အဆိုပါ သတင်းစာရှင်းလင်းပွဲကို မတက် ရောက် ခဲ့တာကြောင့် ပရိသတ်နဲ့ မ တွေ့ဆုံခဲ့ပေမယ့် ဒီလိုဖြစ် ရပ် အပါ အ၀င် ၃၃ ပွဲမှာ ၁၀ ပွဲသာ နိုင်ပြီး ၁၈ ပွဲ ရှုံးနိမ့်ခဲ့ကာ စီးရီးဘီ တန်းဆင်းဇုန် နဲ့ တမှတ် အကွာအထိ ရောက် ရှိလာတာက နည်းပြကို ထုတ် ပယ် ဖို့ လုံလောက် စေခဲ့ပါတယ် ။

နောက် ဆုံးမှာတော့ ခရက်စ်ပို တ ယောက် အထုတ် ပယ် ခံခဲ့ရပါတယ် ။

Credit – sport myanmar




အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment