ဘာစီလိုနာ - အာဆင်နယ် (၁၇-၃-၂၀၁၆ နံနက် ၂း၁၅)
အာဆင်နယ်အတွက်မျှော်လင့်ချက်က ကုန်သလောက်ဖြစ်နေပြီ။ အသင်းမှာလည်း ဒဏ်ရာပြဿနာ တွေများနေလို့ နည်းပြအာစင်ဝင်းဂါး စွန့်စားမယ့်ပုံတော့မရှိပါဘူး။ အရံကစားသမားတချို့နဲ့ပွဲထွက်လာနိုင်တယ်။ ဘာစီလိုနာကတော့သိပ်အပြောင်းအလဲလုပ်ဖို့မရှိဘူး။ လူငယ်တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဆန်ဒရိုရာမီရက်ဇ်၊ ရာဖင်ဟာတို့လည်း ဒဏ်ရာရနေလို့ MSN တိုက်စစ်အတွဲက အများဆုံး (၁)ဦးလောက်ပဲအနားပေးနိုင်တယ်။ အိမ်ကွင်းမှာတော့ဘာစီလိုနာ အနိုင်ကစားဦးမှာပါ။ ဂိုးတော့မပြတ်လောက်ဘူး။ ဘာစီလိုနာ (၁-၀)၊ (၂-၀)လောက်ပါပဲ။
ဘိုင်ယန်မြူးနစ် - ဂျူဗင်တပ်စ် (၁၇-၃-၂၀၁၆ နံနက် ၂း၁၅)
ပထမအကျော့မှာ ဘိုင်ယန် (၂)ဂိုးပြတ်ဦးဆောင်ထားပြီးမှ ချေပဂိုးတွေပြန်ပေးလိုက်ရတာ ဘိုင်ယန်အဖို့များစွာနစ်နာပါတယ်။ ဒါပေမဲ့ အဝေးဂိုး(၂)ဂိုးက ဘိုင်ယန်ကိုကွာတားတက်ဖို့အထောက်အကူဖြစ်စေပါလိမ့်မယ်။ ဘိုင်ယန်တိုက်စစ်အနည်းငယ်ဂိုးသွင်းနှုန်းကျလာသလိုရှိပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ၀ါဒါဘရီမင်နဲ့ပွဲမှာ ဂိုးပြတ်နိုင်ပွဲနဲ့ပြန်လာခဲ့တယ်။ လူစုံပါဝင်လာမှာဖြစ်လို့ ဘိုင်ယန်ကွင်းလယ်က ဂျူဗင်တပ်စ်ကို အသာရဖို့မခက်ပါဘူး။ ဂျူဗင်တပ်စ်အသင်းက ဒီဘားလား၊ ကွာဒရာဒိုတို့ရဲ့ တိုးအားကိုတော့ ဘိုင်ယန်သတိထားဖို့လိုပါတယ်။ ဘိုင်ယန်နိုင်ပွဲနဲ့နောက်တစ်ဆင့်တက်လိမ့်မယ်။
Credit – eleven sport
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment