Sunday, March 6, 2016

လူငယ်တွေကိုပဲ နေရာပေးဦးမှာဖြစ် တဲ့ မန်ယူ

မန်ယူအသင်းရဲ့ ဒဏ် ရာရ ကစားသမားအချို့ ပြန်ကောင်းလာခဲ့ကြပါပြီ ။ မားကိုစ့်ရိုဟို ဟာ အသင်းရဲ့ ပွဲစဉ် တွေမှာ ပြန် လာပါဝင် လာခဲ့ပြီဖြစ် သလို ဒါမီယန် လည်း ထိုနည်းလည်းကောင်းပါပဲ ။ အခု နောက် ဆုံး ရရှိတဲ့ သတင်းအရ ဗလင် စီယာ ၊ ဂျုံးစ် နဲ့ ဖယ် လေ နီ တို့လည်း ပွဲကစားလို့ရတဲ့ အ နေ အထားမှာရှိပြီလို့ သိရပါတယ်။ ဒါပေမယ့် နည်းပြကြီးက တော့ လူငယ်တွေကိုပဲ နေရာပေးသွားဦးမယ် လို့ ဆိုသွားခဲ့ပါတယ်။ “ကစားသမားတွေ ပြန်ကောင်းလာကြပါပြီ ။ ဒါပေမယ့် သူတို့ကို ကစားခိုင်းလို့ မဖြစ် သေးပါဘူး ။ ပြိုင် ပွဲရဲ့ Rhythm ဟာအရမ်းမြင့်နေပြီး ဒါကို သူတို့အသားကျအောင် လုပ် ရပါဦးမယ် ။ ရိုဟို ကိုကျွန်တော် ထည့်ကစား ခဲ့တဲ့ ပုံစံမျိုးပါ ။ အခုတော့ သူတို့ကို ဒုတိယအသင်းမှာပဲ ကစားခိုင်းဖို့ စဉ်းစားထားပါတယ်” လို့ မန်ယူတီဗွီ ကို ပြောဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် အခြား ကစားသမား ၂ ဦးဖြစ် တဲ့ အက် ရှ် လေ ယန်း နဲ့ စတိုင် ဂါ တို့လည်း ပြန် လည် ကောင်း မွန် လာတော့မှာဖြစ်ပြီး နောက် အပတ် ထဲမှာ အသင်းနဲ့ လေ့ကျင့်ခန်း စဆင်းနိုင် တော့မှာဖြစ် တယ် လို့လည်း ဗန်ဟားက ပြောဆိုသွားခဲ့ပါတယ် ။ မန်ယူအသင်းဟာ ဒဏ် ရာပြဿနာတွေနဲ့ ရင် ဆိုင် နေခဲ့ရပြီး အသင်းရဲ့ နေရာ အ တော် များများမှာ ဒဏ် ရာရ ကစားသမားတွေနဲ့ ပြည့်နှက် နေခဲ့ပါတယ် ။ ဒါကြောင့် နည်းပြ ဗန်ဟား အ နေနဲ့ လူငယ် ကစားသမားလေးတွေကို ထည့်သွင်း ကစားစေခဲ့ရပြီး အချို့ဟာ နည်းပြ ရဲ့ အာရုံကို ဖမ်းစား နိုင် ခဲ့ပါတယ် ။ ဗာရဲလာ ၊ ဂျက် ဆင် နဲ့ ရက်ဖို့ဒ် တို့ဟာ ဗန်ဟား နှစ် သက် တဲ့ လူငယ်လေးတွေဖြစ် လာခဲ့ပြီး သူတို့ကို အခွင့်အ ရေးတွေ ပေးသွားဖို့ စီစဉ် ထားတယ် လို့လည်း သိရှိရပါတယ်။

Credit – sport



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment