အင်တာမီလန်အသင်း၏ ဂျပန်နောက်ခံလူ နာဂါတိုမိုက ပြီးခဲ့သည့် ဇန်န၀ါရီ အပြောင်းအရွှေ့တွင် မန်ယူအသင်း၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း ၀န်ခံပြောကြားခဲ့သည်။
နာဂါတိုမိုက "မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကို ကျွန်တော် ပယ်ချခဲ့တယ်ဆိုတဲ့ သတင်းတွေက အမှန်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် အင်တာမီလန်အသင်းဖော်တွေနဲ့ ဆက်လက် ကစားချင်လို့ပါ။ သူတို့က ကျွန်တော်မိသားစုတွေလို့ ခံစားရပါတယ်။ ကျွန်တော် အင်တာမီလန်မှာ ဆက်နေချင်ပါတယ်"ဟု ဆိုခဲ့သည်။
ထို့ပြင် နာဂါတိုမိုက "ကျွန်တော် အင်တာမီလန်နဲ့ သက်တမ်းတိုးမလား။ ကျွန်တော်ကတော့ ဒီလိုဖြစ်ဖို့ မျှော်လင့်ပါတယ်။ ဆွေးနွေးမှုတွေလည်း ပြုလုပ်နေပါတယ်။ မကြာခင် သတင်းကောင်း ကြားရပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။
Credit – eleven sport
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment