Monday, March 14, 2016

ဂိုးများစွာ ပြန်လည်သွင်းနိုင်မည်ဟု ယုံကြည်ခဲ့ကြောင်း အီဂါလို ပြောကြား

ဝက်ဖို့ဒ်အသင်း၏ တိုက်စစ်မှူး အီဂါလိုက သူသည် ဂိုးပေါက်ပျောက်ဆုံးမှုကို အဆုံးသတ်ပြီး ဂိုးများစွာ ပြန်လည်သွင်းယူနိုင်မည်ဟု ယုံကြည်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အီဂါလိုသည် ရာသီအစက ခြေစွမ်းပြပြီး ဂိုးများစွာ သွင်းယူနိုင်ခဲ့သော်လည်း ဇန်န၀ါရီနှောင်းပိုင်းမှ စတင်ကာ ဂိုးပေါက်ပျောက်ဆုံးခဲ့ပြီး အာဆင်နယ် အသင်းအား အနိုင်ရခဲ့သည့် FA ဖလားပွဲစဉ်တွင် ဂိုးပေါက် ပြန်တွေ့ခဲ့သည်။

အီဂါလိုသည် ယခုရာသီ ပြိုင်ပွဲစုံတွင် (၃၀)ပွဲကစားကာ (၁၆)ဂိုး သွင်းယူထားကြောင်း သိရသည်။

Credit – eleven sport





အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment