ပရီးမီးယားလိဂ်ရာသီမကုန်ခင်မှာပဲ လက်စတာအသင်း ချန်ပီယံဖြစ်လိမ့်မယ်လို့ မန်ယူအသင်းနည်းပြဟောင်း ဖာဂူဆန်က ဟောကိန်းထုတ်လိုက်ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ် ကိုးပွဲကျန်ရှိနေသေးတဲ့ အချိန်မှာ လက်စတာက အနီးကပ်ဆုံး ပြိုင်ဘက် စပါးအသင်းကို ငါးမှတ်ဖြတ်ပြီး ဦးဆောင်နေတာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ Chelltenham မြင်းပြိုင်ပွဲမှာ ဖာဂူဆန်က ပရိသတ်တွေကို အောက်ပါအတိုင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ “ ဟုတ်ပါတယ်။ သူတို့(လက်စတာ) အသင်းချန်ပီယံဖြစ်ပါလိမ့်မယ်။ ရာသီကုန်ဖို့ သုံးပွဲလောက် အလိုမှာ ချန်ပီယံဖြစ်မယ် ထင်ပါတယ်” လို့ ဖာဂူဆန်က ဟောကိန်း ထုတ်လိုက်တာပါ။ လက်စတာက ပွဲစဉ် ၃၆ မှာ မန်ယူအသင်းနဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။ ဖာဂူဆန် ခန့်မှန်းတဲ့အတိုင်းသာ မှန်ခဲ့မယ်ဆိုရင်လက်စတာက မန်ယူနဲ့မတွေ့ခင်မှာ ချန်ပီယံဖြစ်ပြီးသားအသင်း ဖြစ်နေမှာပါ။ နည်းပြဟောင်း ဖာဂူဆန်ရဲ့ မန်ယူအသင်းကတော့ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့တောင်ခက်ခဲတဲ့ အခြေအနေကို ရောက်နေပါတယ်။
Credit – Duwun
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment