Friday, March 4, 2016

လက်ရှိမန်ယူအသင်းနည်းပြကိုယုံကြည်မှုရှိရန် ဗန်ဒါဆားတိုက်တွန်း

မန်ယူအသင်းအနေနဲ့ လက်ရှိအသင်းနည်းပြ လူးဝစ် ဗန်ဟားအပေါ်ကို ယုံကြည်မှုဆက်လက်ထားရှိဖို့ မန်ယူအသင်း ဂိုးသမားဟောင်း အက်ဒ်ဝင် ဗန်ဒါဆားက တိုက်တွန်းပြောကြားလိုက်ပါတယ်။မန်ယူအသင်းဟာ အခုနှစ်ဘောလုံးရာသီမှာ နိုင်ပွဲရရှိဖို့ ရုန်းကန်နေရတာကြောင့် အသင်းနည်းပြ ဗန်ဟားပေါ် ဝေဖန်မှုတွေထွက်ပေါ်နေခဲ့ပေမယ့် မကြာသေးခင်က လေးပွဲဆက်တိုက် အနိုင်ရရှိထားခဲ့တာကြောင့် ဝေဖန်မှုတွေဟာ အနည်းငယ် ပြေလျော့လာခဲ့ပါတယ်။ နယ်သာလန်ကလပ် အေဂျက် အသင်းမှာတုန်းက ဗန်ဟားလက်အောက်မှာ ကစားခဲ့ဖူးတဲ့ ဗန်ဒါဆားကတော့ ဗန်ဒါဆားဟာ အကောင်းဆုံးနည်းပြတစ်ဦးဖြစ်တယ်လို့ ချီးကျူးပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မန်ယူအသင်းကို ဗန်ဟားကိုင်တွယ်ခဲ့တဲ့ အစောပိုင်းနှစ်တွေနဲ့ အခုနှစ်ဘောလုံးရာသီကို နှိုင်းယှဉ်ကြည့်ရင်လည်း အောင်မြင်မှုဟာ ထပ်တူကျနိုင်မယ်လို့ ယုံကြည်ကြောင်း ဗန်ဒါဆားက ပြောကြားခဲ့ပါတယ်။ “မန်ယူအသင်းဟာ အမှတ်ပေးဇယား အဆင့် (၁) နေရာနဲ့ ကွာဝေးနေပေမယ့်လည်း ဖလား (၂) လုံးရရှိဖို့ အခွင့်အလန်းကောင်းတွေ ရှိနေပါသေးတယ်။ ယူရိုပါလိဂ် ဖလားနဲ့ အက်ဖ်အေ ဖလားတွေအနိုင်ရရှိဖို့ အခွင့်အလန်းကောင်းတွေရှိနေသလို လာမယ့်နှစ်မှာ ချန်ပီယံလိဂ် ၀င်ဖို့ ခက်ခဲနေပေမယ့် ဖြစ်နိုင်တဲ့ အလားအလာရှိနေပါသေးတယ်။ကျွန်တော့အနေနဲ့ ပြောရမယ်ဆိုရင် သူဟာ အကောင်းဆုံး နည်းပြတစ်ဦးပါ။ ကျွန်တော်သူ့လက်အောက်မှာ ကစားခဲ့ချိန်က သူ့ဆီကနေ အများကြီး သင်ယူခဲ့ရပါတယ်။” လို့ ဗန်ဒါဆားက ပြောကြားခဲ့ပါတယ်။ မန်ယူအသင်းက ဗုဒ္ဓဟူးနေ့ညက ၀က်ဖို့အသင်းကို (၁) ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီးတဲ့နောက် အမှတ်ပေးဇယား အဆင့် (၄) နေရာက မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနဲ့ အမှတ်တူ သွားခဲ့တယ်လို့ သတင်းမှာ ဖော်ပြခဲ့ပါတယ်။



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment