Saturday, March 5, 2016

ဒီတစ်ပတ် ပရီးမီးယားလိဂ်  ကြည့်သင့်တဲ့ အကြောင်းပြချက် (၅) ခု

ပွဲစဉ် ၂၉ ကိုတောင် ရောက်လာခဲ့ပြီဖြစ်လို့ အသင်းတိုင်းအတွက် ပွဲတိုင်းက အရေးကြီးလာပါတယ်။ ဒီတစ်ပတ်က စလို့ ပွဲစဉ်တိုင်း၊ ပွဲစဉ်တိုင်းက ချန်ပီယံဖြစ်မယ့်အသင်း တန်းဆင်းရမယ့်အသင်း စတာတွေကို ဆုံးဖြတ်ပေးတော့မှာပါ။
ဒီတစ်ပတ် ပရီးမီးယားလိဂ်ကို ဘာကြေင့် ကြည့်သင်သလဲဆိုတဲ့ အကြောင်းပြချက် (၅) ခုရှိနေပါတယ်။
၁။ လန်ဒန်ဒါဘီပွဲစဉ်
လန်ဒန်ဒါဘီပွဲလို့ပဲ ဆိုဆို၊ စပါး - အာဆင်နယ်ပွဲပဲ ဆိုဆို ဒီတစ်ပတ်အတွက် စိတ်ဝင်စားစရာ အကောင်းဆုံးပါ။ ချန်ပီယံဆုဘယ်အသင်းဖြစ်မလဲဆိုတာနဲ့ ဒီနှစ်သင်းတွေ့ဆုံမှုကြောင့် လက်စတာ အသာစီးရ၊ မရဆိုတာတွေက စိတ်ဝင်စားစရာ အချက်တွေပါ။
၂။ ဝက်ဖို့ဒ် - လက်စတာ
ပြီးခဲ့တဲ့တစ်ပတ်က လက်စတာ သရေသာ ရခဲ့ပေမယ့် အာဆင်နယ်၊ စပါးနဲ့ မန်စီးတီးတို့ ရှုံးသွားခဲ့လို့ လက်စတာ ကံရဲ့ဖေးမမှုကို ရခဲ့ပါတယ်။ ဒီတစ်ပတ်ရော လက်စတာ နိုင်ပွဲပြန်ယူနိုင်ပါ့မလားဆိုတာ စိတ်ဝင်စားစရာပါ။ ဝက်ဖို့ဒ်အသင်းက အိမ်ကွင်းဆိုရင် မာကျောတက်လို့ ဖြစ်ပါတယ်။
၃။ မန်စီးတီး
အဆင့် -၄ နေရာကို ရောက်နေပြီဖြစ်တဲ့ မန်စီးတီး အမှားလုပ်လို့မရတော့ပါဘူး။ ချန်ပီယံဖြစ်ချင်တယ်ဆိုရင် လက်ကျန်ဆယ်ပွဲလုံး မန်စီးတီး အနိုင်ကစားဖို့  လိုမှာပါ။ ဒီတစ်ပတ်စလို့ နိုင်ပွဲတွေရှာရတော့မှာ မန်စီးတီး ဖြစ်ပါတယ်။ မန်စီးတီးက ဗီလာနဲ့ ကစားရမှာပါ။
၎။ မန်ယူ အခြေအနေဆက်ကောင်းမှာလား
လူငယ်ကစားသမားတွေ ပွဲထုတ်ပြီး အခြေအနေကောင်းနေတဲ့ မန်ယူဒီတစ်ပတ်ရော နိုင်ပွဲ ဆက်ရဦးမှာလားဆိုတာ စိတ်ဝင်စားစရာပါ။ ရက်ရှ်ဖို့ ဂိုးသွင်းဦးမလားဆိုတာလည်း စောင့်ကြည့်ချင် စရာပါပဲ။
၅။ တန်းဆင်းဇုန်တိုက်ပွဲ
တန်းမဆင်းဖို့အရေး အသက်လုနေရတဲ့ အသင်းခြောက်သင်းလောက်ရှိပါတယ်။ အဲဒီထဲက လေးသင်း ဒီတစ်ပတ် အပြန်အလှန်တွေ့ကြမှာပါ။ ဆွမ်ဆီးက နောဝှစ်ခ်ျနဲ့ တွေ့ရမှာဖြစ်ပြီး နယူးကာဆယ်က ဘုန်းမောက်နဲ့ ရင်ဆိုင်ရမှာပါ။
Credit – Duwun



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment