Tuesday, March 1, 2016

အမှတ်ပေးဇယားကို (၄)မှတ်ဖြတ်ကာဂျူဗီထိပ်ဆုံးမှရပ်တည်

အင်တာမီလန် အသင်းကို နှစ်ဂိုးပြတ် နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ အသင်းသားတွေရဲ့ စွမ်းဆောင်ရည်ဟာ နှစ်လိုဖွယ်ဖြစ်ခဲ့တယ်လို့ ဂျုဗင်တပ်စ် အသင်းရဲ့ နည်းပြ အယ်လီဂရီ က ပြောဆိုလိုက်ပါတယ်။ဖေဖော်ဝါရီ (၂၉)ရက်မနက်ပိုင်း က ယှဉ်ပြိုင်ခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ဂျုဗင်တပ်စ် အသင်းက ဘိုနူချီ နဲ့ မိုရာတို့ ရဲ့  သွင်းဂိုးတွေနဲ့ အင်တာမီလန် အသင်းကို နှစ်ဂိုးပြတ် နဲ့ အနိုင်ရကာ အမှတ်ပေးဇယားကို (၄)မှတ်ဖြတ်ကာ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။အယ်လီဂရီ က “ အင်တာမီလန် အသင်းဟာ ခက်ခဲတဲ့ ပြိုင်ဘက်ဖြစ်ပြီး သူတို့ ဟာ လိဂ်မှာ တတိယနေရာကို စိန်ခေါ်ဖို့ ဆက်လက်လုပ်ဆောင်သွားရမှာပါ။ ကျွန်တော်တို့ ဟာ အိမ်ကွင်းမှာ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သလို၊အိမ်ကွင်းမှာ အရေးကြီးတဲ့ အောင်ပွဲ ကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်အပြီးမှာ အသင်းရဲ့ စွမ်းဆောင်ရည်ဟာ နှစ်လိုဖွယ်ဖြစ်ခဲ့ပါတယ်။အနိုင်ရခဲ့တဲ့ အတွက် ဂျုဗင်တပ်စ် အသင်းနဲ့ အတူ အရမ်းပျော်ပါတယ်။အနာဂတ်မှာ မှန်ကန်တဲ့  လမ်းကြောင်းပေါ်ရောက်နေပြီလို့ လည်းမြင်ပါတယ်”လို့  ဆိုခဲ့ပါတယ်။ဂျုဗင်တပ်စ် အသင်းနဲ့  အင်တာမီလန် အသင်းတို့ ဟာ ဗုဒ္ဒဟူးနေ့ မှာ ကိုပါအီတလီယာ အကြိုဗိုလ်လုပွဲ ဒုတိယအကျော့အဖြစ် ထပ်မံရင်ဆိုင်တွေ့ ဆုံရာမှာဖြစ်ပြီး ပထမအကျော့တုန်းက ဂျုဗင်တပ်စ် အသင်းက သုံးဂိုးပြတ် နဲ့  အနိုင်ရရှိထားခဲ့ပါတယ်။



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment