Saturday, March 5, 2016

အသင်းကြီးများ အခက်အခဲမရှိနိုင်တဲ့ စီးရီးအေ

ဗီရိုနာ-ဆမ်ဒိုးရီးယား

နောက်ဆုံးသုံးကြိမ်တွေ့ဆုံမှု

ဆမ်ဒိုးရီးယား  ၄-၁ ဗီရိုနာ

ဆမ်ဒိုးရီးယား  ၁-၁ ဗီရိုနာ

ဗီရိုနာ  ၁-၃ ဆမ်ဒိုးရီးယား

ဇယားမှာ အောက်ဆုံးက ဗီရိုနာတန်းဆင်းရဖို့ သေချာသလောက်ရှိနေပြီး ဆမ်ဒိုးရီးယား ကတော့ မျှော်လင့်ချက်ရှိနေပါ သေးတယ်။ ဒီပွဲမှာ ဆမ်ဒိုရီးယားအရင်တွေ့ဆုံမှုတွေအတိုင်းနိုင် သွားနိုင်ပြီး နှစ်ဂိုးလောက်သွင်း နိုင်မယ်။

နာပိုလီ-ချီယေဗို

နောက်ဆုံးသုံးကြိမ်တွေ့ဆုံမှု

ချီယေဗို ၀-၁ နာပိုလီ

ချီယေဗို ၁-၂ နာပိုလီ

နာပိုလီ ၀-၁ ချီယေဗို

နာပီုလီတို့ ဇယားမှာ ဒုတိယနေရာကနေ ဂျူဗီကိုကပ်လိုက်နေသလို သရေနှစ်ပွဲဆက်တိုက်ဖြစ် ခဲ့တဲ့ အခြေအနေကနေ ရုန်းထွက် ရပါမယ်။ ဒီပွဲမှာ နာပိုလီနိုင်ခြေများပေမယ့် ဂိုးနည်းဖို့များပြီး အ မြင့်ဆုံးတစ်ဂိုးလောက်ပဲရမယ်။

တိုရီနို-လာဇီယို

နောက်ဆုံးသုံးကြိမ်တွေ့ ဆုံမှု

လာဇီယို ၃-၀ တိုရီနို

တိုရီနို ၀-၂ လာဇီယို

တိုရီနို ၁-၃ လာဇီယို

လာဇီယိုယူရိုပါလိဂ်မှာ ဂါလာတာစာရေးကိုနိုင်ခဲ့ပေမယ့် ဆတ်ဆူလိုကို နှစ်ဂိုးပြတ်ရှုံးခဲ့ပြီးအဲဒီအရင် ဖရိုဆင်နွန်းနဲ့တုန်းကလည်း ဂိုးမရှိသရေပါပဲ။ လာဇီယိုဥရောပဝင်ခွင့်မျှော်လင့်ချက်နည်း နေပြီး တိုရီနိုသရေအနိမ့်ဆုံး ကစားသွားနိုင်တယ်။ ကံကောင်းရင် တစ်ဂိုးလောက်နဲ့ တိုရီနိုနိုင် ပွဲရမယ်။

အတ္တလန်တာ-ဂျူဗင်တပ်

နောက်ဆုံးသုံးကြိမ်တွေ့ ဆုံမှု

ဂျူဗင်တပ် ၂-၀ အတ္တလန်တာ

ဂျူဗင်တပ် ၂-၁ အတ္တလန်တာ

အတ္တလန်တာ ၀-၃ ဂျူဗင်တပ်

အတ္တလန်တာတောက် လျှောက်သရေပွဲများ နေပြီး ဇယားထိပ်က ဂျူဗီတို့ နာပိုလီကို အမှတ်ထပ်ဖြတ်ဖို့ မဖြစ်မနေ အနိုင် ကစားရမယ့်ပွဲဖြစ်ပါတယ်။ ဂျူဗင်တပ် ပကျော့ရလဒ်အတိုင်း နှစ်ဂိုး လောက်ရနိုင်တယ်။

ဘိုလော့ဂ်နာ-ကာပီ

နောက်ဆုံးသုံးကြိမ်တွေ့ဆုံမှု

ကာပီ ၁-၂ ဘိုလော့ဂ်နာ

ကာပီ ၃-၀ ဘိုလော့ဂ်နာ

ဘိုလော့ဂ်နာ ၀-၀ ကာပီ

ဘိုလော့ဂ်နာသရေနှစ်ပွဲ ဆက်တိုက်ဖြစ်ခဲ့ပေမယ့် ကာပီ တန်းဆင်းဇုန်ထဲမှာရှိနေပြီး ဒီပွဲကို အိမ်ကွင်းနိုင်ပွဲရအောင်ယူသွားနိုင်ပါတယ်။ ဘိုလော့ဂ်နာတစ်ဂိုးအသာလောက်နဲ့ နိုင်နိုင်ပြီး ဂိုးနည်းမယ့်ပွဲပါ။

ဖရိုဆင်နွန်း- အူဒီးနီးစ်

နောက်ဆုံးတစ်ကြိမ်တွေ့ဆုံမှု

အူဒီးနီးစ် ၁-၀ ဖရိုဆင်နွန်း

အူဒီးနီးစ် အဝေးကွင်းဆိုပေ မယ့် တန်းဆင်းဇုန်ထိပ်က ဖရိုဆင် နွန်းကို နိုင်ခြေရှိတယ်။ ဒါပေမဲ့လက်ရှိခြေစွမ်းပိုင်းအရ ဂိုးမပြတ်နိုင်ဘဲ ကပ်နိုင်ဖို့ပဲရှိသလို မထင်မှတ်ဘဲ သရေလည်း  ကျသွားနိုင် တယ်။

ဂျီနိုအာ-အမ်ပိုလီ

နောက်ဆုံးသုံးကြိမ်တွေ့ဆုံမှု

အမ်ပိုလီ ၂-၀ ဂျီနိုအာ

ဂျီနိုအာ  ၁-၀ အမ်ပိုလီ

အမ်ပိုလီ  ၁-၁ ဂျီနိုအာ

သုံးပွဲဆက်ရှုံးခဲ့တဲ့ အမ်ပိုလီ ဒီပွဲမှာလည်း ရုန်းကန်ရနိုင်ပြီး ဂျီနို အာ နိုင်သွားနိုင်တယ်။ ဂျီနိုအာအိမ်ကွင်းလေးပွဲဆက် ရှုံးပွဲမရှိဖြစ်နေပြီး ဒီပွဲလည်း အနိမ့်ဆုံးဂိုးမရှိ သရေ (သို့မဟုတ်) ကပ်နိုင်တာ မျိုးရနိုင်တယ်။ ဂိုးနည်းမယ့် ပွဲပါ။

ဆတ်ဆူလို-အေစီမီလန်

နောက်ဆုံးသုံးကြိမ်တွေ့ ဆုံမှု

အေစီမီလန်  ၂-၁ ဆတ်ဆူလို

အေစီမီလန်  ၂-၁ ဆတ်ဆူလို

ဆတ်ဆူလို  ၃-၂ အေစီမီလန်

ဇယားမှာ အဆင့်(၆)နဲ့ (၇)နှစ်သင်းတွေ့ဆုံမှုဖြစ်ပြီး မီလန်တို့ ဥရောပမျှော်လင့်ချက် ရှိနေတာမို့ ဒီပွဲကို ဖိကစားနိုင်တယ်။ ဒါပေမဲ့ ဆတ်ဆူလို သရေရနိုင်ခြေရှိနေ ပြီး မီလန် အမြင့်ဆုံး ဂိုးတွေ အပြန်အလှန်သွင်းပြီး တစ်ဂိုးအသာ နဲ့ ကပ်နိုင်တာမျိုးပဲ ဖြစ်တယ်။

အင်တာ-ပါလာမို

နောက်ဆုံးသုံးကြိမ်တွေ့ဆုံမှု

ပါလာမို ၁-၁ အင်တာ

အင်တာ  ၃-၀ ပါလာမို

ပါလာမို  ၁-၁ အင်တာ

အင်တာတို့ကိုယ်ပါဖလား မှာ ဂျူဗီကို ခြေစွမ်းပြခဲ့ပြီး ဒီပွဲမှာလည်း ဇယားမှာ အဆင့်ပြန်တက် ဖို့ ကြိုးစားမှာပါ။ အင်တာတိုက်စစ် နှစ်ဂိုးလောက်ရသွားနိုင်ခြေရှိ တယ်။ သရေဖြစ်နိုင်ခြေနည်းလွန်းတယ်။

Credit – 7daydaily



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment