ရှော်ကေးအထွေထွေမန်နေဂျာ ဟဒ်က သူတို့ရဲ့ နောက်ခံကစားသမား မာ့တစ်ဟာ နွေရာသီမှာ လီဗာပူးကို ပြောင်းရွှေ့တော့မှာ ဖြစ်ပေမယ့် ငွေမက်လို့ပြောင်းတာ မဟုတ်ဘူးလို့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။ ကင်မရွန်း ကစားသမားဟာ သူ့ကစားသမားဘဝတစ်လျှောက်လုံး ရှော်ကေးမှာ ကစားခဲ့တာဖြစ်ပြီး စုစုပေါင်း 249 ပွဲ ကစားပေးထားပါတယ်။
ဂျာမန် သတင်းစာတစ်စောင်နဲ့တွေ့ဆုံခိုက်မှာတော့ ဟဒ်က "အသင်းကနေ ကစားသမားတစ်ယောက်ထွက်တိုင်း ကျနော်တို့က စိတ်ပျက်မိပါတယ်။ သူ အသင်းမှာဆက်ရှိဖို့ အချိန်တွေ အကြာကြီးကြိုးစားခဲ့ပါသေးတယ်။ နောက်ဆုံးတော့ သူက စိန်ခေါ်မှုအသစ်တွေလိုချင်တာကြောင့် အခြားတစ်ဖက်ကို ရွေးချယ်လိုက်တာပါ။ သူက ပိုက်ဆံကြောင့် မဟုတ်ဘူးဆိုတာ ကျနော်တို့ သိပါတယ်။ တကယ်လို့ ရှော်ကေးသာ ပရီးမီးယားလိဂ်မှာ ရှိနေခဲ့မယ်ဆိုရင် မာ့တစ်လဲ အသင်းပြောင်းမှာ မဟုတ်ပါဘူး" လို့ ပြောဆိုသွားခဲ့ပါတယ်။
မာ့တစ်ဟာ ဖေဖော်ဝါရီလက လီဗာပူးကိုပြောင်းဖို့ အကြိုသဘောတူညီမှု ရခဲ့တာဖြစ်ပြီး ရာသီကုန်မှာ အန်ဖီးလ်ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။
Credit – sport
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment