Friday, March 18, 2016

ယူရိုပါလိဂ် ပွဲအပြီးမှာ မန်ယူနဲ့ လီဗာပူး ပရိသတ်များ ရန်ဖြစ်

မန်ယူနဲ့ လီဗာပူးအသင်း သရေကျခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ နှစ်ဖက်အသင်း ပရိသတ်တွေ ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မန်ယူနဲ့ လီဗာပူး ဒုတိယအကျော့မှာ တစ်ဖက်တစ်ဂိုးစီနဲ့ ပြီးဆုံးခဲ့ပြီးနောက် နှစ်ကျော့ပေါင်းရလဒ် ၃-၁ ဂိုးနဲ့ လီဗာပူးက ကွာတားဖိုင်နယ် တက်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဒိုင်လူကြီးဘက်က ပွဲသိမ်းခရာ မှုတ်ပြီးတဲ့အချိန်မှာ နှစ်ဖက်ပရိသတ်တွေ ပွဲကြည့်စဉ်မှာ လုံးထွေးသတ်ပုပ်တဲ့အထိ ဖြစ်ခဲ့ကြတာပါ။ မန်ယူအသင်း အရှေ့ဘက် ပွဲကြည့်စင်မှာ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။ မန်ယူအသင်း ပရိသတ်တွေဘက် လီဗာပူးရဲ့ ဟေးဘရော့်ဒ်ဖြစ်ရပ်ဆိုးကို ရည်ရွယ်ပြီး တိုက်ခိုက်ပြောဆိုခဲ့ကြတယ်လို့ Mirror သတင်းစာက ဖော်ပြပါတယ်။ လူပေါင်း ၉၆ ဦးသေဆုံးခဲ့ကြတဲ့ ၁၉၈၉ ခုနှစ်က ပွဲကြည့်စင် ပြိုကျတဲ့ ဖြစ်ရပ်ကို ရည်ညွှန်းပြီး စွပ်စွဲပြောဆိုတာ ဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင်မှာလည်း မန်ချက်စတာမြို့ကို ပွဲလာကြည့်တဲ့ လီဗာပူး ပရိသတ်တွေ မြင်သာအောင် တံတားတစ်စင်းဘေးမှာ နဖူးစည်းဆိုင်းဘုတ် တစ်ခု ချိတ်ဆွဲခဲ့ပါသေးတယ်။ လူသတ်သမားတွေ ဆိုတဲ့ စာသားကို အဲဒီနဖူးစည်းမှာ ရေးသားထားခဲ့တာပါ။ လူပေါင်း ၉၆ ဦးသေဆုံးခဲ့ကြတဲ့ ၁၉၈၉ ခုနှစ်က ပွဲကြည့်စင် ပြိုကျတဲ့ ဖြစ်ရပ်ကို ရည်ညွှန်းပြီး စွပ်စွဲပြောဆိုတာ ဖြစ်ပါတယ်။

Credit – Duwun







အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment