Monday, March 7, 2016

စင်ကာပူ၊ လက်ဘနွန်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည့် မြန်မာလက်ရွေးစင်အသင်း အပြီးသတ်လူစာရင်း

မြန်မာ့လက်ရွေးစင် အသင်း၏ မတ်လ ၂၄ ရက်နေ့တွင် စင်ကာပူလက်ရွေးစင် အသင်း၊ မတ်လ ၂၉ ရက်နေ့တွင် လက်ဘနွန်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည့် အပြီးသတ်(၂၅)ဦးစာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က မတ်လ ၇ ရက်နေ့တွင် ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အသင်းသည် မတ်လ ၂၁ ရက်နေ့တွင် စင်ကာပူနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ပြီး မတ်လ ၂၄ ရက်နေ့တွင် စင်ကာပူလက်ရွေးစင် အသင်းနှင့် နိုင်ငံတကာ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ ထိုမှတစ်ဆင့် လက်ဘနွန်နိုင်ငံသို့ သွားရောက်ကာ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲစဉ်အဖြစ် လက်ဘနွန်လက်ရွေးစင် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Credit - Myanmar Football 12th Players



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment