လာမယ့်ရာသီမှာ ဂွာဒိယိုလာ လာရောက် ကိုင် တွယ် တော့မယ် လို့ ကြေငြာခဲ့ပြီးနောက် ကစားခဲ့တဲ့ မန်စီးတီး အသင်းရဲ့ ပရီးမီးယားလိဂ် ၆ ပွဲမှာ ၂ ပွဲသာ အနိုင် ရခဲ့ပြီး ၃ ပွဲ ရှုံးနိမ့်ကာ ၁ ပွဲသ ရေကျခဲ့ပါတယ် ။ ခြေ ချော် တာ လား ပညာပေးတာလား ။
ဘာစီလိုနာ အသင်းဟာလည်း ယခုနှစ် ရာသီကန် သွင်းခဲ့တဲ့ ပင် နယ် တီ ၁၅ လုံးအနက် ၈ လုံးကို လွဲချော် ခဲ့ ပါတယ် ။
၂၀၁၅-၁၆ ဘောလုံးရာသီရဲ့ ခေါင်းတိုက် ဂိုး အများဆုံးသွင်းထားတဲ့ အသင်း ၅ သင်းက တော့ ဆောက် သမ် တန် ( ၁၂ ဂိုး ) ၊ အဲဗာတန် ( ၁၀ ဂိုး ) ၊ ၀က်စ် ဘရွန်း ( ၁၀ ဂိုး ) ၊ အာဆင် နယ် ( ၁၀ ဂိုး ) နဲ့ ၀က်စ် ဟမ်း ( ၁၀ ဂိုး ) တို့ဖြစ်ကြပါတယ် ။
ဘာစီလိုနာ သအင်းဟာ ပွဲပေါင်း ၃၇ ပွဲ ဆက် တိုက် ရှုံးပွဲမရှိကစားနိုင် ခဲ့ပါတယ် ။ အဆိုပါ ၃၇ ပွဲမှာ ၃၁ ပွဲကို အနိုင် ရရှိခဲ့ပြီး ဂိုးပေါင်း ၁၁၇ ဂိုးသွင်းယူပေးခဲ့ကာ ဂိုး ၂၀ သာပြန် ပေးခဲ့ရပါတယ် ။ တိုက် စစ် ချည်းသာလော …..။
ဒါ့အပြင် လာလီဂါ ရဲ့ ဖန် တီးမှု အများဆုံး စာရင်းမှာလည်း MSN က ဦးဆောင် နေခဲ့ပြီး ဆွာရက် က ၁၂ ဂိုး ၊ မက် ဆီ နဲ့ နေမာ က ၁၀ ဂိုးစီ ဖန် တီးပေးခဲ့ကြပါတယ် ။ ရီးရဲ တိုက် စစ် မှုး ရိုနယ်လ်ဒို က တော့ ၉ ဂိုးဖန် တီး ပေးထားပါတယ် ။
ယခုနှစ် ဘောလုံးရာသီမှာ အ များဆုံး clean sheet ရရှိထားတဲ့ ဂိုးသမားတွေက တော့ အိုဘလက် ( အေတီကို - ၁၈ ပွဲ ) ၊ ဘူဖွန် ( ဂျုဗီ - ၁၇ ပွဲ ) နဲ့ ထရပ် ( PSG - ၁၅ ပွဲ ) တို့ဖြစ် ကြပါတယ် ။
ဘိုင်ယန်မြုးနစ် အသင်းဟာ ယခုနှစ် ရာသီမှာ ကစားခဲ့တဲ့ ဘွန် ဒစ် လီ ဂါ ပွဲစဉ် ၂၆ ပွဲ ရဲ့ ၁၂ ပွဲကို ၃ ဂိုးနဲ့ အထက် သွင်းယူနိုင် ခဲ့ပါတယ် ။ဘိုင်ယန်မြုးနစ် ( ခ ) ဂိုးသွင်းတဲ့ စက်ကြီး ဖြစ် ပါတယ် ။
ဒါ့အပြင် ဘိုင်ယန် တိုက် စစ် မှုး လီဝန် ဒေါ့စကီး ဟာ ကလပ် နဲ့ နိုင် ငံအသင်းအတွက် ပွဲပေါင်း ၄၁ ပွဲကစားခဲ့ပြီး ဂိုးပေါင်း ၄၀ သွင်းယူပေးခဲ့ပါတယ် ။ ဘိုင်ယန် ဟာ ဂိုးသွင်းတဲ့ စက်ကြီးဆိုရင် လီဝန် ဒေါ့စကီး ဟာ မောင်းခလုပ် ဖြစ် ပါလိမ့်မယ် ။
အဲဗာတန် နဲ့ ပွဲစဉ် မှာ အနီကဒ်ပြ ခံရမှုဟာ ချဲလ်ဆီး တိုက် စစ် မှုး ကော် စတာ အတွက် ချဲလ်ဆီး ကစားသမား ဘ၀ ပထမဆုံး အနီကဒ်ဖြစ် ခဲ့ပါတယ် ။
အာဆင် နယ် တိုက် စစ် မှုး ဒန် နီ ၀ဲဘက် ရဲ့ သွင်းဂိုးဟာ ၀က်ဖို့ဒ် အသင်းအတွက် ယခုနှစ် FA Cup ပြိုင် ပွဲမှာ ပထမဆုံး သွင်းခံခဲ့ရတဲ့ ဂိုးဖြစ် ခဲ့ပါတယ် ။
ဝက်ဖို့ဒ် ၊ ဆွမ်းဆိ နဲ့ ဘာစီလိုနာ အသင်းတို့ကို ၃ ပွဲ ဆက် ရှုံးနိမ့်ခဲ့မှုဟာ အာဆင် နယ် အတွက် ၂၀၀၂ ခုနှစ် နောက် ပိုင်း ပထမဆုံးအကြိမ်ဖြစ် ခဲ့ပါတယ် ။
ဆီဗီးလား အသင်းဟာ လာလီဂါ အိမ် ကွင်းပွဲစဉ် ၁၃ ပွဲ ဆက် တိုက် အနိုင် ရခဲ့ပြီး သွင်းဂိုးပေါင်း ၃၂ ဂိုးသွင်းယူ နိုင် ခဲ့ပါတယ် ။ ဆီဗီးလားလည်း အိမ် ကွင်း မာ ပါတယ် ။
စပါးကွင်းလယ် လူ အယ် လီ ဟာ ဥရောပ ထိပ် တန်း လိဂ် ၅ ခုရဲ့ U-21 ကစားသမားတွေအနက် ဂိုးဖန် တီး မှု အများဆုံး ( ၈ ကြိမ် ) ကစားသမားဖြစ် လာခဲ့ပါတယ် ။ အယ် လီ ရဲ့ ဖန် တီးမှုတွေကို ဂိုးအဖြစ် ပြောင်းလဲခဲ့ သူတွေက တော့ ဟယ် ရီကိန်း ( ၆ ကြိမ် ) ၊ ချတ် လီ နဲ့ ထရစ် ပါ တို့က တကြိမ် စီဖြစ် ပါတယ် ။ အယ် လီ သာ PFA Youth Player of the Year Award ရခဲ့ရင် အံ့အားသင့်စရာလုံးဝမရှိပါဘူး ။
မန်ယူ အသင်းဟာ နောက် ဆုံးကစားခဲ့တဲ့ ပြိုင် ပွဲစုံ ၃၄ ပွဲ ရဲ့ ၂၁ ပွဲ ကို အနိုင် ရ အောင် မစွမ်းဆောင် နိုင် ခဲ့ ပါဘူး ။ ဗန် ဟား အတွက် နာရီတွေ သိပ် မကျန် တော့ဘူးလို့ ထင် ပါတယ် ။
ဝက်စ်ဟမ်း အသင်းကွင်းလယ် လူ ပါယက် ဟာ အသင်းရဲ့ နောက် ဆုံး အ ဝေးကွင်းလေးပွဲဆက် ဂိုးသွင်းပေး ခဲ့ပါတယ် ။ ဒါ့အပြင် FA Cup ပွဲစဉ် ၂ ပွဲဆက် ( မန်ယူ ၊ ဘလက် ဘန်း ) ဖရီးကစ် က နေ ဂိုးသွင်းယူပေးထား ခဲ့ပါတယ် ။ လက် စတာ အတွက် မာရက် ဆိုရင် ၀က်စ် ဟမ်း အတွက် ပါယက် ရှိနေပါတယ် ။
လာပါးမား အသင်းကို အနိုင် ရခဲ့တဲ့ ပွဲမှာ ဂိုးသွင်းခဲ့တဲ့ ရီးရဲနောက် ခံလူ ရာမို့စ် ဟာ ကလပ် နဲ့ နိုင် ငံ အသင်း ကစားသမားဘ၀ သွင်းဂိုးပေါင်း ၆၇ ဂိုး အထိ ရှိလာခဲ့ပြီဖြစ် ကာ ဘာစီလိုနာ ကစားသမား အင် နီ ယေစတာ ရဲ့ ဂိုးအ ရေအတွက် နဲ့ တူညီသွားခဲ့ပါတယ် ။ တိုက် စစ် မှုး လား ၊ ခံစစ်မှုး လား ….. ဆာဂျီယို မစ္စတာရာမို့စ် ..။
၂-၁ နဲ့ အနိုင် ရရှိခဲ့ပေမယ့် လာပါးမား အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ် ပထမပိုင်းမှာ ရီးရဲအသင်း အခွင့်အ ရေးဖန် တီး နိုင် မှု တကြိမ် မှ မရှိခဲ့ပါဘူး ။ လာပါးမား က တော့ ၃ ကြိမ် ဖန် တီးနိုင် ခဲ့ပါတယ် ။ ဒါ့အပြင် ရီးရဲအသင်း နောက် ဆုံးကစားခဲ့တဲ့ ပြိုင် ပွဲစုံ ၂၄ ပွဲ အနက် ၅ ပွဲသာ ဂိုးမ ပေးရ အောင် စွမ်းဆောင် နိုင် ခဲ့ပါတယ် ။ ရီးရဲ ကို ဇီဒန်း စတင် ပြင် ဆင် ရမယ့် နေရာက ခံစစ် ဖြစ် တယ် လို့ ဆိုပါရ စေ ။
ဒါပေမယ့် ရီးရဲအသင်းရဲ့ ရလဒ် ကောင်းတခုက တော့ လက် ရှိ ရာသီ ဥ ရောပ ထိပ် သီးလိဂ် ၅ ခုအနက် တည် ကန် ဘော က နေ ဂိုးအများဆုံးသွင်းထားခဲ့တဲ့ အသင်းဖြစ် ခဲ့ပြီး ၂၂ ဂိုးအထိ ရရှိထားခဲ့ပါတယ် ။ ရီးရဲအသင်း နောက် မှာတော့ စပါး က ၂၁ ဂိုး ၊ မိုနာကို နဲ့ ဘာစီလိုနာ တို့က ၁၈ ဂိုးစီနဲ့ အသီးသီး ရပ် တည် နေကြပါ တယ် ။
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment