Sunday, March 20, 2016

ခြင်းလုံးကစားနည်းဇာတ်ကား

ဒီနေ့အတွက်တော့ ပရိသတ်တွေ ပုံမှန်ကြည့်နေကျ ဇာတ်လမ်းအမျိုးအစားတွေထဲက မဟုတ်ဘဲ Documentry ဇာတ်လမ်းတစ်ခုကို ပြန်ပြီးတော့ မိတ်ဆက်ပေးချင်ပါတယ်။ မြန်မာ့ရိုးရာ အားကစားနည်းဖြစ်တဲ့ ခြင်းလုံး အားကစားနည်းနဲ့ပတ်သက်ပြီးတော့ ကနေဒါ ဒါရိုက်တာတစ်ဦး ပုံဖော်ရိုက်ကူးထားတဲ့ Mystic Ball ဆိုတဲ့ဇာတ်ကားဖြစ်ပါတယ်။

ဒီဇာတ်ကားက မြန်မာ့ခြင်း လုံးကို စိတ်ဝင်တစားဖြစ်ပြီး ကိုယ်တိုင် လေ့လာသင်ယူခဲ့တဲ့ ကနေဒါနိုင်ငံသား ဂျရက်ဟာမီလ် တန်ဆိုသူက မြန်မာနိုင်ငံ မန္တလေး မြို့က ရိုးရာခြင်းလုံးအားကစား နည်းကို အသေးစိတ်ရိုက်ကူးတင် ဆက်ထားတာ ဖြစ်ပါတယ်။ မြန် မာ့ခြင်းလုံး အားကစားနည်းကို စတင်သိရှိခဲ့တဲ့ ဂျရက်က မန္တလေးမြို့မှာ နှစ်စဉ်ကျင်းပနေတဲ့ ဝါဆို ခြင်းလုံးပွဲကို စတင်ထိတွေ့ခွင့်ရ ရာကနေ ဒီအားကစားကို သူ ကိုယ်တိုင် သင်ယူရင်း တဖြည်း ဖြည်းနဲ့ ကိုယ်တိုင်ဝင်ရောက်ယှဉ် ပြိုင်တဲ့ အခြေအနေ ဖြစ်လာတဲ့ အထိ ဒီဇာတ်ကားကို ဇာတ်လမ်း ပြောပြတဲ့ပုံစံမျိုး ရိုက်ကူးထားပါ တယ်။

ဂျရက်က ဒီကစားနည်းကို စိတ်ဝင်စားတာကြောင့် မန္တလေး ကို အကြိမ်ကြိမ် တကူးတကသွား ပြီးတော့ မန္တလေးမြို့မှာရှိတဲ့ ခြင်းလုံး အားကစားရုံတွေ၊ အထင်ကရ ခြင်းလုံးအားကစား သမား တွေနဲ့ မိတ်ဖွဲ့၊ သူတို့တွေဆီက ခြင်းလုံးနဲ့ပတ်သက်တဲ့ သမိုင်းတွေ လေ့လာသင်ယူပြီး သူကိုယ်တိုင် ထဲထဲဝင်ဝင် ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။

ဒီမှတ်တမ်းဇာတ်ကားထဲမှာ မန္တလေးက သက်ကြီးပိုင်းခြင်းလုံး ပညာရှင်တွေ၊ နာမည်ကြီး ခြင်းလုံး အလှခတ်အကျော်အမော်တွေ အများကြီးရဲ့ အကြောင်းတွေကို ထည့်သွင်းရိုက်ကူးထားရုံသာမ က အမျိုးသမီး ခြင်းအလှခတ် ပညာရှင် စုစုလှိုင်ရဲ့ အံ့သြစရာ စွမ်းရည်တွေ၊ အခြေအနေတွေ အကြောင်းကို အသေးစိတ် ရိုက်ကူးထားပါတယ်။

ဒီဇာတ်ကားက ၂၀၀၆ ကတည်းက ထွက်ခဲ့တာဖြစ်ပြီး ဒီမှာ ဝယ်ရမလွယ်ခဲ့ပေမယ့် အခုနောက်ပိုင်း အခွေဆိုင်တွေမှာ ပြန်လည်ရောင်းချနေတာကြောင့် ရွေးချယ်ပေးလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ခြင်းလုံးသမိုင်းအကြောင်းကို အနောက် နိုင်ငံက ဒါရိုက်တာတစ်ဦးက အသေးစိတ် စုစည်းပုံဖော်ထားတဲ့ ဇာတ်ကားဖြစ်တာကြောင့် မလွတ်တမ်း သိမ်းထားရမယ့် အခွေတစ်ခွေအဖြစ် ရွေးချယ်ပေးလိုက်တာ ဖြစ်ပါတယ်။    

Credit – 7daydaily







အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment