ဘာစီလိုနာ တိုက်စစ်မှူး လူးဝစ်ဆွာရက်က သူဟာ အသင်းဖော်တွေဖြစ်တဲ့ လီယွန်နယ် မက်ဆီရဲ့ ဘယ်ဘက် ခြေထောက်နဲ့ နေမာရဲ့ လျင်မြန်ဖြတ်လတ်မှုတွေကို သဘောကျ ကြိုက်နှစ်သက်ကြောင်း ပြောကြားလိုက်ပါတယ်။ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဟာ တနင်္လာနေ့က စပိန် သတင်းအေဂျင်စီ EFE ရဲ့ (၂၀၁၅) ခုနှစ်အတွက် အကောင်းဆုံး လက်တင်အမေရိက ကစားသမားဆုကို လက်ခံရရှိခဲ့ပြီးတဲ့နောက် အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ ဆွာရက်က သူရဲ့ ဘယ်ဘက်ခြေထောက်ဟာ မက်ဆီရဲ့ ဘယ်ဘက်ခြေထောက်လိုမျိုး ဖြစ်လာရင် သဘောကျမိမှာဖြစ်တဲ့အကြောင်းနဲ့ နေမာရဲ့ လျင်မြန်ဖြတ်လတ်တဲ့ ကစားပုံမျိုး ရရှိဖို့လည်း မျှော်လင့်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူဟာ မက်ဆီရဲ့ ဘယ်ခြေထောက်နဲ့ နေမာရဲ့ လျင်မြန်ဖြတ်လတ်မှုတွေကို ပေါင်းစပ်ရရှိပြီးပြီဆိုရင် မျက်မှောက်ခေတ်ကာလမှာ ပြိုင်ဘက်မရှိ ဘောလုံးသမားတစ်ဦးဖြစ်လာလိမ့်မယ်လို့လည်း ပြောကြားခဲ့ပါတယ်။ “ ကျွန်တော်တို့ (၃) ဦးကြားမှာ အဆင်ပြေတဲ့ ဆက်ဆံရေးတွေရှိပါတယ်။ ကစားပွဲနဲ့ ပတ်သက်ပြီး ကျွန်တော်တို့မှာ ကြိုတင် စီစဉ်ထားတာ တစ်ခုမှ မရှိပါဘူး၊ ကွင်းထဲရောက်မှ သဘာဝအတိုင်း သူ့အလိုလို ဖြစ်သွားတာပါ၊ အဲဒီအတွက်လည်း ကျေနပ်အားရမှုရှိပါတယ်။ ကျွန်တော်တို့ ပျော်ရွှင်နေရင် အနိုင်ရရှိဖို့ စွမ်းဆောင်နိုင်ပါတယ်” လို့ MSN တိုက်စစ်နဲ့ ပတ်သက်ပြီး ဆွာရက်က ပြောကြားခဲ့ပါတယ်။
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment