Sunday, March 13, 2016

မန်စီးတီးကနေထွက်ခွာလိမ့်မယ်လို့အဂူရိုရဲ့ပြောကြားချက်တွေအတွက်မစိုးရိမ်ကြရန်ပရိတ်သတ်များကိုပယ်လီဂရီနီတိုက်တွန်း

ချက်စတာစီးတီးအသင်းရဲ့နည်းပြဖြစ်သူမန်နူရယ်ပယ်လီဂရီနီက အသင်းကနေထွက်ခွာဖြစ်လိမ့် မယ်ဆိုတဲ့အဂူရိုရဲ့ပြောကြားချက်တွေအတွက်စိုးရိမ်သောကမဖြစ်ကြရန်ပရိတ်သတ်များကိုတိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။ အဆိုပါအာဂျင်တီးနားတိုက်စစ်မှုးဟာဒီတစ်ပတ်အာဂျင်တီးနားကိုရောက်ရှိစဉ်သူဟာလာမည့်၂၀၁၈ကမ္ဘာ့ဖလားကုန်ဆုံးချိန်မှာအာဂျင်တီးနားကလပ်အင်ဒီပန်းဒီးယန့်အသင်းကိုပြန်လည် ပြောင်းရွေ့ကစား တော့မှာလို့ပြောကြားခဲ့ကြောင်းသိရပါတယ်။ အဂူရိုရဲ့နည်းပြဖြစ်တဲ့ပယ်လီဂရီနီက "အာဂျင်တီးနား ကစားသမားတွေဟာသူတို့ရဲ့မွေးရပ်မြေက အသင်းတွေမှာပြန်ကစားချင်တဲ့ဆန္ဒတွေရှိကြပါတယ်။ ဒါဟာသူရဲ့အနာဂတ်မှာပြုလုပ်ချင်တဲ့အစီအစဉ်တစ်ခုပဲဖြစ်ပြီး လက်ရှိမှာတော့ သူအဲဒီမှာပြန်ကစားဖို့ မဖြစ်နိုင်သေးပါဘူး။" လို့ပြောကြားသွားခဲ့ပါတယ်။ ဆက်လက်ပြီးပယ်လီဂရီနီက ဒူးဒဏ်ရာ ကနေပြန်လည်သက်သာလာပြီးလေ့ကျင့်ခန်းဆင်းနေပြီဖြစ်တဲ့အသင်းရဲ့ကွင်းလယ်လူကယ်ဗင်ဒီဘရိုင်းကိုလက်ရွေးစင်အသင်းအတွက်ရွေးချယ်ခြင်းမပြုလုပ်ဖို့ဘယ်ဂျီယံနည်းပြ၀ီမော့ကိုသတိပေးပြောဆို သွားခဲ့ပါတယ်။

Credit – sport




အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment