Monday, March 7, 2016

ထိပ်တန်းအဆင့်မှာ နောက်ထပ်(၃)နှစ် ထပ်မံကစားနိုင်သူ

ထိပ်တန်းအဆင့်မှာ နောက်ထပ်(၃)နှစ် ထပ်မံကစားနိုင်တယ်လို့ ချယ်လ်ဆီးအသင်းခေါင်းဆောင် တယ်ရီက ပြောကြားလိုက်ပါတယ်။ တယ်ရီ နဲ့ ချယ်လ်ဆီးအသင်းရဲ့ စာချုပ်သက်တမ်းဟာ အခုနှစ်ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး၊ချယ်လ်ဆီးအသင်းအနေနဲ့ သူ့ ကို စာချုပ်သစ်ချုပ်ဆိုတာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ကမ်းလှမ်းမှု့မပြုလုပ်ခဲ့ဘူးလို့ အခုနှစ်အစပိုင်းက ပြောဆိုခဲ့ပါတယ်။တယ်ရီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၂၁)ရက်က ယှဉ်ပြိုင်ခဲ့တဲ့ နယူးကာဆယ် နဲ့ ပွဲမှာ ရရှိခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကြောင့် လက်ရှိအချိန်မှာ အနားယူနေရတာဖြစ်ပြီး ပီအက်စ်ဂျီအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ပထမအကျော့ ပွဲစဉ်၊မန်စီးတီးနဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ် အပါအ၀င် ပရီးမီးယားလိဂ်ပွဲစဉ် (၃)ပွဲကို လည်းလွဲချော်ခဲ့တာဖြစ်ပါတယ်။တယ်ရီ က " ကျွန်တော် အမြင့်ဆုံးအသင်းမှာပဲ ကစားချင်ပါတယ်။ကျွန်တော် ချယ်လ်ဆီးအသင်းကလွဲပြီး အခြားပရီးမီးယားလိဂ် ကလပ်တွေမှာ မကစားနိုင်ပါဘူး။ဘာဖြစ်လို့ လဲဆိုတာ့ ချယ်လ်ဆီးပရိသတ်တွေနဲ့ ချယ်လ်ဆီးဟာ ကျွန်တော့် အတွက် အများကြီးအဓိပ္ပါယ်ရှိလို့ ပါ။ဒါပေမဲ့ အခြားထိပ်တန်းအဆင့်မှာ (၂)နှစ် ဒါမှမဟုတ် (၃)နှစ်လောက် ထပ်မံကစားနိုင်ပါသေးတယ် " လို့ ဆိုခဲ့ပါတယ်။



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment