မြန်မာလိဂ်ပွဲစဉ်(၈)တွင် ရခိုင်နှင့်ဧရာဝတီ ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − MFF)
မြန်မာနေရှင်နယ်လိဂ် (၁)ပြိုင်ပွဲဝင် ရခိုင်ယူနိုက်တက်အသင်းသည် ရာသီဝက် အပြောင်းအရွှေ့ကာလတွင် တိုက်စစ်မှူး သစ်တစ်ဦး ခေါ်ယူလိုကြောင်း အသင်းနည်းပြချုပ် ဦးအောင်ဇော် မျိုးက ပြောကြားသည်။
ရခိုင်ယူနိုက်တက်အသင်း သည် ယခုနှစ်ရာသီ မြန်မာလိဂ် ပွဲစဉ်(၈)အပြီးတွင် နိုင်ပွဲတစ်ပွဲ သာ ရရှိထားပြီး သုံးပွဲသရေ၊လေး ပွဲရှုံးရလဒ်ရရှိထားကာရမှတ်ခုနစ် မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် (၁၀) နေရာ၌ ရပ်တည်နေသည်။
ထို့အပြင် ပွဲစဉ် (၈)တွင် သွင်းဂိုးခုနစ်ဂိုးသာ ရရှိထားခြင်း ကြောင့် တိုက်စစ်ကို အားဖြည့်ရန် စီစဉ်နေခြင်းဖြစ်ပြီး အဆုံးသတ် သေချာသည့် တိုက်စစ်ကစား သမားတစ်ဦး ခေါ်ယူလိုခြင်းဖြစ် ကြောင်း ရခိုင်အသင်းနည်းပြချုပ် က ဆိုသည်။
‘‘လဂ်ပြိုင်ပွဲ မစတင်ခင်က တည်းက တိုက်စစ်မှူးကောင်း တစ်ယောက်လောက် ခေါ်ချင်ပေ မယ့် အဆင်မပြေတဲ့အတွက် မ ခေါ်ခဲ့ရဘူး။ အသင်းနဲ့ အဆင်ပြေ နိုင်မယ့် တိုက်စစ်မှူးတစ်ယောက် ရှာမယ်။ ပြည်တွင်းထဲကမရရင် ပြည်ပကစားသမားခေါ်မယ်’’ ဟု ဦးအောင်ဇော်မျိုးကပြောသည်။
ရခိုင်ယူနိုက်တက်အသင်း သွင်းယူထားသည့် သွင်းဂိုးခုနစ် ဂိုးတွင် ဘရာဇီးတိုက်စစ်မှူး အ သင်းခေါင်းဆောင် အန်ဒရေတစ် ဦးတည်းက ငါးဂိုးသွင်းယူထားပြီး ကျန်နှစ်ဂိုးမှာ ပြည်တွင်းကစား သမား မျိုးဇော်ဦးက သွင်းယူပေး ထားခြင်းဖြစ်သည်။
ရခိုင်ယူနိုက်တက်အသင်း သည် မြန်မာလိဂ်ပွဲစဉ် (၉)တွင် ချင်းယူနိုက်တက်နှင့် ရင်ဆိုင်ရ မည်ဖြစ်ပြီး နိုင်ပွဲရရှိအောင် ကြို တင်ပြဆင်မှုများ ပြုလုပ်မည်ဖြစ် ကြောင်း ရခိုင်အသင်းနည်းပြချုပ် က ပြောသည်။
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment