ပရီးမီးယားလိဂ်ပွဲစဉ် ၂၉ ကို ရောက်လာခဲ့ပြန်ပါပြီ။ ဒီတစ်ပတ် ပွဲစဉ်ကစလို့ ပရီးမီးယားလိဂ် ရာသီပြီးဆုံးဖို့ တစ်သင်းကို ဆယ်ပွဲစီသာ ကစားဖို့ ကျန်ပါတော့တယ်။ ဒီရာသီ အမှတ်ပေး ချန်ပီယံဖြစ်ဖို့ကို အဆုံးအဖြတ် ပေးမယ့် ပွဲစဉ်တစ်ပွဲ ဒီတစ်တပတ် ကြည့်ကြရမှာပါ။
စပါးနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲစဉ်က ဒီနေ့မှာတော့ သာမန်လန်ဒန်ဒါဘီပွဲစဉ် ဆိုတာထက်ကို ပိုနေပါတယ်။ နှစ်သင်းလုံးအတွက် ချန်ပီယံဖြစ်ဖို့ ဒီပွဲက အရေးကြီးပါတယ်။ ဒီပွဲစဉ်မတိုင်ခင် သိထားသင့်တဲ့ အချက် (၅) ချက်ရှိပါတယ်။
၁။ ဒဏ်ရာရ ပွဲပယ်
စပါးအသင်းဘက်က မှာ ဗာတွန်ဂန် ဒဏ်ရာရနေတာက လွဲလို့ အခြားကြီးကြီးမားမား ဒဏ်ရာပြဿနာ သိပ်မရှိပါဘူး။ အာဆင်နယ်ဘက်ကတော့ နည်းနည်းစိုးရိမ်စရာပါ။ ကိုစီရယ်နီရော ဂိုးသမား ပီတာဆက်ခ်ျပါ ဒီပွဲ ပါနိုင်ကြမှာ မဟုတ်ပါဘူး။
၂။ စပါးအတွက် အားသာချက်
အာဆင်နယ်ဟာ စပါးအသင်းအိမ်ကွင်း ဝှိုက်ဟတ်လိန်းမှာ နောက်ဆုံး ၇ ပွဲကစားထားရာက တစ်ပွဲသာ နိုင်ပွဲရထားပါတယ်။ အာဆင်နယ်က နောက်ဆုံးလေးပွဲဆက်လည်း နိုင်ပွဲပျောက်နေတဲ့ အသင်းပါ။
၃။ အာဆင်နယ်အတွက် အားသာချက်
အာဆင်နယ်အသင်းမှာ ဒဏ်ရာကပြန်သက်သာလာတဲ့ ဝဲလ်ဘက် ဂိုးတွေပြန်သွင်းနေပြီး သုံးပွဲ လူစားဝင် ကစားရာမှာ နှစ်ဂိုးသွင်းထားပါတယ်။ ချန်ပီယံဖြစ်ဖို့ ရာသီကုန်အဆုံးအဖြတ်ပွဲတွေ ရောက်လာတဲ့အခါ အာဆင်နယ်က စပါးထက် ပိုပြီးအတွေ့အကြုံရှိနေတာက သတိပြုစရာပါ။
၎။ နောက်ဆုံး ငါးကြိမ် တွေ့ဆုံမှု
ပြိုင်ပွဲစုံ အတွင်း နောက်ဆုံးငါးကြိမ်တွေ့ဆုံမှုမှာတော့ စပါးအသင်းက အာဆင်နယ်ကို တစ်ကြိမ်သာ နိုင်ထားပါတယ်။ အာဆင်နယ်က နှစ်ကြိမ်နိုင်ပြီး နှစ်ကြိမ် သရေကျပါတယ်။
၅။ အဓိက ကစားသမားများ
စပါးဘက်က တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ အာဆင်နယ်ဘက်က ဆန်းချက်ဇ်တို့က ပွဲအဖြေပြောင်းလဲပး နိုင်တဲ့ ကစားသမားတွေဖြစ်ပါတယ်။ ဟယ်ရီကိန်းက ဒီရာသီမှာ သွင်းဂိုး ၁၉ ဂိုးရှိနေပါပြီ။ ခြေပျက်နေတာက ဆန်းချက်ဇ် ဖြစ်ပါတယ်။ နောက်ဆုံး ကိုးပွဲမှာ အက်ဖ်အေတစ်ပွဲပဲ ဂိုးသွင်းထားနိုင်လို့ အာဆင်နယ်အတွက် စိုးရိမ်စရာပါ။
Credit – Duwun
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment