မန်စီးတီးအသင်းရဲ့ နောက် ခံလူ ဇာဘလတ်တာ က လိဂ် ဖလားကို ဆွတ် ခူးအပြီးမှာ အခြားဆုဖလားတွေ ကို ဆက် လက် ဆွတ် ခူးသွားမှာဖြစ် တယ် လို့ ကြုံးဝါးပြောဆိုသွားခဲ့ပြီး ပြိုင် ဘက် အသင်းတွေကို သတိပေးလိုက် ပါတယ် ။ “ကျွန်တော် တို့ ရှုံးထွက် ဖလားပြိုင် ပွဲတခုပြီးသွားခဲ့ပြီဖြစ် လို့ ချန်ပီယံလိဂ် နဲ့ ပရီးမီးယားလိဂ် ဘက်ကို ပြန်ပြီး အာရုံစိုက် လို့ရပါပြီ ။ အသင်းရဲ့ ကစားသမားတွေ အကုန် ဒဏ် ရာက နေ အမြန် ဆုံးပြန် လာနိုင် ဖို့ မျှော် လင့်ထားပါတယ် ။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ အ ရေးကြီးတဲ့ ပွဲတွေကို ဆက် တိုက် ကစားရ တော့မှာမို့ပါ” လို့ လိဂ် ဖလားကို ဆွတ် ခူးအပြီးမှာ ဇာဘလတ် တာ က ပြောဆိုသွားခဲ့ပါတယ် ။ ဒါ့အပြင် “ပရီးမီးယားလိဂ် မှာ ၃၆ မှတ် စာ ပွဲ ကစားဖို့ ကျန် ပါသေးတယ် ။ ၁၂ ပွဲဆိုတာ တကယ် များတဲ့ အ ရေအတွက် ပါ ။ လွန် ခဲ့တဲ့ နှစ် အနည်းငယ် တုန်းကလည်း ဒီလိုအချိန် မှာ ဒီလို အ ခြေ အ နေမျိုးက နေ အမှတ် ပေးချန် ပီယံဆုကို ကျွန် တော်တို့ ဆွတ် ခူးနိုင် ခဲ့ပါတယ် ။ အခုလည်း ဒီလိုပုံစံတူမျိုး ထပ်ဖြစ် လာခဲ့ပါပြီ ။ အဆင့် ၁ က အသင်းနဲ့ ၉ မှတ် ကွာနေတယ် ဆိုပေမယ့် ကျွန်တော် တို့ တပွဲ ကစားဖို့ ကျန် ပါ သေးတယ် ။ ကျွန်တော် တို့ဟာ မန်စီးတီးပါ ။ ကျွန်တော်တို့မှာ အရည် အ သွေးမြင့်တဲ့ ထိပ် တန်း ကစားသမားတွေ အများကြီးရှိပြီး ဒီကွာဟမှုကို လျော့ချနိုင် မယ် ဆိုတာ အပြည့်အ၀ ယုံကြည် ပါတယ်” လို့ ပြောဆိုသွားခဲ့ပါ တယ် ။ ဒါ့အပြင် အမှတ် ပေးဇယားထိပ် ကို ရောက် ရှိနိုင် ဖို့ အခွင့်အ ရေးတွေ ရှိနေဆဲဖြစ်ပြီး အသင်းသား တွေ အ နေနဲ့ ယုံကြည် မှု ရှိဖို့သာလိုအပ် ကြောင်းလည်း ဇာဘလတ် တာ က ပြောဆိုသွားခဲ့ပါတယ်။
Credit – sport
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment