Wednesday, March 23, 2016

လန်ဇီနီကို ၀က်စ်ဟမ်းအသင်း အပြီးသတ်ခေါ်ယူ

ဝက်စ်ဟမ်းအသင်းသည် အယ်လ်ဂျာဇီရာအသင်းမှ အငှားဖြင့် ခေါ်ယူထားသည့် ကွင်းလယ်တိုက်စစ် ကစားသမား လန်ဇီနီကို အပြီးသတ် ခေါ်ယူလိုက်ကြောင်း သိရသည်။

ဝက်စ်ဟမ်းအသင်းသည် အသက်(၂၃)နှစ်အရွယ်ရှိ အာဂျင်တီးနား ကွင်းလယ်တိုက်စစ် ကစားသမား လန်ဇီနီအတွက် ပြောင်းရွှေ့ကြေး ပေါင်(၉)သန်း ပေးချေခဲ့ရပြီး (၄)နှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

လန်ဇီနီသည် ယခုရာသီတွင် ၀က်စ်ဟမ်းအသင်းအတွက် ပြိုင်ပွဲစုံ (၂၄)ပွဲ ကစားပြီး (၇)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၃)ကြိမ် ပြုလုပ်ထားကြောင်း သိရသည်။

Credit – eleven sport




အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment