Sunday, March 13, 2016

ဂျာနူဇက်ရဲ့အနာဂတ်ဟာဗန်ဂါးရဲ့အနာဂတ်နဲ့ဆက်နွယ်နေပါပြီ

မန်ချက်စတာယူနိုက်တက်မှာ ဗန်ဂါးလ်သာ နောက်တစ်ရာသီနည်းပြအဖြစ်ဆက်ရှိနေခဲ့မယ်ဆိုရင် ဂျာနူဇက်ရဲ့အနာဂတ်ဟာ အိုးထရက်ဖို့နဲ့ ဝေးရာကို ကြွေလွင့်ရတော့မယ် အနေအထား
ရောက်နေပါပြီ ။ အဆိုပါ တောင်ပံကစားသမားရဲ့အနေအထားနဲ့ ကစားပုံတစ်ချို့ဟာ ဗန်ဂါးအတွက်စိတ်တိုင်းမကျဖြစ်နေပါတယ်။
ဗန်ဂါးလက်ထက်ဂျာနူဇက်ဟာ U-21 အသင်းနဲ့သာ ကစားနေရတာများပြီး ပထမအသင်းအတွက်တော့ အမြဲချန်လှပ်ထားခံနေရပါတယ် ။ မစ်ဒယ်ဘရော့နဲ့ကစားခဲ့တဲ့ U-21 ပွဲစဉ်မှာလဲ ခြေစွမ်းဟာ နည်းပြဒေါသထွက်စရာမျိုးဖြစ်ခဲ့တယ် ။
ဒီရာသီဂျာနူဇတ်ဟာ အကောင်းဆုံးပုံစံနဲ့စွမ်းဆောင်ရည်တစ်ချို့ကိုပြသဖို့ ရုန်းကန်နေရပြီး ဒေါ့မွန်ကို အငှားချခဲ့စဉ်ကလဲ ခြေစွမ်းမပြနိုင်ခဲ့မှုကြောင့် ပွဲထွက်ခွင့်တစ်ပွဲသာ ရရှိထားခဲ့တာ ဖြစ်ပါတယ် ။
မန်ယူနည်းပြဗန်ဂါးလ်ကတော့ နောက်ရာသီသာ ဆက်ပြီးနည်းပြဖြစ်မယ်ဆိုရင်တော့ 21 နှစ်အရွယ် ကွင်းလယ်နဲ့တောင် ပံကစားသမား ဂျာနူဇက်ရဲ့အနာဂတ်ဟာ လာမဲ့အပြောင်းအရွေ့
ရာသီမှာ မန်ယူနဲ့ဝေးဖို့ သေချာ သလောက်ရှိနေပါပြီဗျာ ။

Credit – sport





အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment