Tuesday, March 1, 2016

သုံးမိနစ်အတွင်း (၂)ဂိုးသွင်းယူနိုင်ခဲ့တဲ့ပင်ကိုယ်စွမ်းရည်ရှိသူ

ယူအသင်းရဲ့လူငယ်တိုက်စစ်မှုး ရက်ရှ်ဖိုဒ့် ဟာ အထူးပင်ကိုစွမ်းရည်ရှိသူ ဖြစ်တယ်လို့ နည်းပြ ဗန်ဟားလ် က ပြောဆိုလိုက်ပါတယ်။ရက်ရှ်ဖိုဒ့် ဟာ ဖေဖော်ဝါရီ (၂၉)ရက်နေ့ က အာဆင်နယ် နဲ့  ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် သုံးမိနစ်အတွင်း (၂)ဂိုးသွင်းယူနိုင်ခဲ့သလို၊ အသင်းကြီးကစားသမားအဖြစ် ပထမဆုံးပွဲထွက်ခွင့်ရခဲ့တဲ့ မစ်ဂျီလန်းနဲ့ ယှဉ်ပြိုင်တဲ့  ယူရိုပါလိဂ်(၃၂)သင်းအဆင့် ပွဲစဉ်မှာလည်း အသင်းအတွက် (၂)ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။ဗန်ဟားလ် က “ လူငယ်တွေဟာ သူတို့ ရဲ့ ပထမဆုံးပွဲစဉ်မှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ကြပါတယ်။ ဒုတိယပွဲစဉ်မှာတော့ ကွဲပြားခြားနားသွားပါတယ်။မားကတ်စ် ကတော့ နှစ်ပွဲလုံးကောင်းမွန်စွာ ကစားသွားနိုင်ပါတယ်။အဲဒါကြောင့် သူဟာ အထူးပင်ကိုစွမ်းရည်ရှိသူ ဖြစ်ပါတယ်”လို့  ဆိုခဲ့ပါတယ်။ အေဂျက်စ်၊ဘာစီလိုနာ နဲ့ ဘိုင်ယန်မြူးနစ် အသင်းနည်းပြဟောင်း ဖြစ်တဲ့ ဗန်ဟားလ် က ဘောလုံးလောကရဲ့ အကြီးမားဆုံးကြယ်ပွင့်အချို့ ဖြစ်တဲ့ ကလွိုင်ဗတ်၊မူလာနဲ့ ဇာဗီတို့ ရဲ့ ပွဲဦးထွက်မှာ ပြသခဲ့တဲ့ ခြေစွမ်းတွေ နဲ့  ရက်ရှ်ဖိုဒ့်ရဲ့ ပွဲဦးထွက် ခြေစွမ်းကို နှိုင်းယှဉ်ကြည့်လို့ ရတယ်လို့ လည်းဆိုခဲ့ပါတယ်။အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါး ကလည်း ရက်ရှ်ဖိုဒ့် ရဲ့ လှုပ်ရှားမှု့ နဲ့ ဥာဏ်ပညာ ကို အံသြခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ အာဆင်ဝင်းဂါး က “ သူရဲ့ ခြေစွမ်းဟာ အံသြဖို့ ကောင်းပြီး အလွန် အပြုသဘောဆောင်ပြီး အံသြဖို့ ကောင်းပါတယ်။သူရဲ့ ဒီခြေစွမ်းကို မန်ယူအသင်းနဲ့ ကစားမယ့် ပွဲစဉ်မှာ မြင်တွေ့ ခဲ့ရတယ်” လို့ပြောဆိုခဲ့ပါတယ်။ဒါ့အပြင် ဗန်ဟားလ် က တမင်တကာ စတုတ္တဒိုင်လူကြီးရှေ့ မှာ လဲကျဖို့ ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်ပြီးတော့လည်း အရမ်းစိတ်ခံစားမှု့ များသွားတဲ့ အတွက် တောင်းပန်စကားပြောဆိုခဲ့ပါတယ်။



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment