Wednesday, March 9, 2016

မည်သည့် ကလပ်အသင်းနှင့်မျှ ဆွေးနွေးမှု မရှိသေးဟု အီဘရာဟီမိုဗစ် ပြောကြား

ရာသီသစ်အတွက် မည်သည့် အသင်းနှင့်မျှ ကြိုတင် ဆွေးနွေးနေမှု မရှိသေးကြောင်း PSG တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ်က ပြောကြားလိုက်သည်။

အသက်(၃၄)နှစ်ရှိ ဆွီဒင်လက်ရွေးစင်သည် ပြင်သစ်လီဂူး ကလပ်တွင် (၁၆၄)ပွဲ၌ (၁၃၆)ဂိုး သွင်းယူပြီးနောက် ရာသီကုန်တွင် အသင်းမှ ထွက်ခွာတော့မည်ဟု ကြေညာထားသည်။ PSGတွင် (၄)နှစ်ကြာ ကစားပြီးနောက် အီဘရာဟီမိုဗစ်၏ စာချုပ်သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်ပြီး ၎င်း၏ ဥရောပတွင် အနည်းဆုံး နောက်တစ်နှစ်မျှ ကစားရန် လျာထားကြောင်း ဆိုသည်။ အီဘရာဟီမိုဗစ်ကို အင်္ဂလန် ပရီးမီးယားလိဂ် ထိပ်တန်းကလပ်များ အပါအဝင် အသင်းအများအပြားက စိတ်ဝင်စားနေသည်။

စည်းမျဉ်းများအရ ၎င်းသည် စာချုပ်သက်တမ်း မကုန်ဆုံးမီ ရာသီဝက်တွင် အခြားကလပ်များနှင့် ဆွေးနွေးခွင့် တရားဝင် ရရှိထားသော်လည်း ယင်းကိစ္စကို ခေါင်းထဲ ထည့်မထားသေးဟု အီဘရာဟီမိုဗစ်က ဆိုသည်။ “ကျွန်တော့် အနာဂတ်က လောလောဆယ် PSGနဲ့ နောက်(၂)လ ဖြတ်သန်းဖို့ပါ။ ပြီးတော့ ဥရောပဖလားမှာ ကျွန်တော့် လက်ရွေးစင် အသင်းနဲ့အတူ ပါဝင်ကစားဖို့လေ”ဟု ဆိုသည်။ ၎င်းက “နောက်ရာသီ ဘာဖြစ်မယ် ဆိုတာကို ကျွန်တော် ဘာမှ ကြိုစိုးရိမ်နေမှာ မဟုတ်ဘူး။ ဒီရာသီ ကျွန်တော့် အနေအထားကို ကြည့်ရင် အနာဂတ်ကလည်း ကောင်းနေဦးမှာပါပဲ”ဟုလည်း ဆက်လက် ပြောကြားသွားသည်။

Credit – soccer myanmar



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment