Tuesday, March 1, 2016

အာစင်ဝင်းဂါး ရာထူးနုတ်ထွက်ပေးရန် အသင်းပရိသတ်များ တောင်းဆို

ပရီးမီးယားလိဂ်ပွဲစဉ် ၂၇ မှာ မန်ယူအသင်းကို အာဆင်နယ်ရှုံးခဲ့ပြီးနောက် အာဆင်နယ်ပရိသတ်တွေ စိတ်ဆိုး ဒေါသထွက်ခဲ့ကြပါတယ်။ ရလဒ်ကိုတာဝန်ယူတဲ့အနေနဲ့ နည်းပြအာစင်ဝင်းဂါးကို ရာထူးက နုတ်ထွက်ဖို့ အသင်းပရိသတ်အချို့က တောင်းဆိုလိုက်ပါတယ်။ မန်ယူကို ရှုံးခဲ့တဲ့အတွက် အာဆင်နယ်ဟာ ထိပ်ဆုံးက လက်စတာအသင်းနဲ့ ငါးမှတ်အထိ ကွာဟသွားပြန်ပြီ ဖြစ်ပါတယ်။ အမှတ်ပေးချန်ပီယံဖြစ်ဖို့အတွက် အခြေအနေကောင်းနေချိန်မှာ မန်ယူကို ရှုံးလိုက်တဲ့အတွက် အာဆင်နယ် ချန်ပီယံဖြစ်ရေးဟာ မရေမရာ ဖြစ်သွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အမှတ်ပေးချန်ပီယံဖြစ်ဖို့ အလားအလာကောင်းတဲ့နှစ်တိုင်း ဖေဖော်ဝါရီလရောက်ရင် ရလဒ်တွေ ဆိုးရွားလာလေ့ရှိတဲ့ ပြဿနာကို ကြုံရလေ့ရှိပါတယ်။ မန်ယူကို ရှုံးနိမ့်ပြီးနောက် ပရိသတ်အချို့ အာစင်ဝင်းဂါးကို နုတ်ထွက်ပေးဖို့ တွစ်တာမှာ တောင်းဆိုခဲ့ကြတာပါ။

Credit – Duwun



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment