၂၀၁၆ ခုနှစ် အာဆီယံ ယူ၁၆ လူငယ်ပြိုင်ပွဲအတွက် အုပ်စု ခွဲဝေရာ မြန်မာ ယူ၁၆ အသင်းသည် အုပ်စု (က)တွင် သြစတြေးလျ၊ ဖိလစ်ပိုင်၊ဗီယက်နမ်၊ စင်ကာပူ အသင်းများနှင့် အတူကျရောက်ခဲ့သည်။
အုပ်စု(ခ)တွင် အိမ်ရှင် ကမ္ဘောဒီးယားနှင့်အတူ ထိုင်း၊ လာအို၊ တီမော၊ ဘရူနိုင်း၊ အင်ဒိုနီးရှား (ယှဉ်ပြိုင်ရန် အတည်မပြုသေး) အသင်းများ ကျရောက်သွားခဲ့သည်။
အာဆီယံ ယူ၁၆ ပြိုင်ပွဲကို ယခုနှစ် ဇူလိုင် ၁၀ မှ ၂၃ ရက်နေ့အထိ ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင် မြို့တွင် ကျင်းပသွားမည်ဖြစ်သည်။ မြန်မာယူ၁၆အသင်းသည် ၂၀၁၅ အာဆီယံယူ၁၆ပြိုင်ပွဲတွင် ဒုတိယဆုရရှိထားသည်။
Credit - Myanmar Football 12t
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment