Friday, March 18, 2016

မနက်ဖြန်နံနက်အစောပိုင်းတွင်ယှဉ်ပြိုင်ကစားမည့် ဥရောပပွဲစဉ်များပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ်(၃၀)
ဂီတာဖေး - အီဘာ (၁၉-၃-၂၀၁၆ နံနက် ၂း၀၀)
နှစ်သင်းစလုံးနိုင်ပွဲရဖို့ ရုန်းကန်နေရတဲ့အချိန်ဖြစ်နေတယ်။ အထူးသဖြင့် ဂီတာဖေးရဲ့အိမ်ကွင်းခြေစွမ်းက အခုနောက်ပိုင်းအားရစရာမရှိတဲ့အပြင် တိုက်စစ်ကလည်း ရုန်းကန်ရေလို့ အဝေးကစားအားကောင်းတဲ့ အီဘာကို အနိုင်ရဖို့မလွယ်ဘူး။ ဂိုးနည်းပြီးသရေကျသွားမယ့်ပွဲလို့ပဲထင်တယ်။

ဂျာမန်ဘွန်ဒစ်လီဂါ ပွဲစဉ်(၂၇)
ရှော်လ်ကေး - မိုချန်ဂလာဘတ် (၁၉-၃-၂၀၁၆ နံနက် ၂း၀၀)
နောက်ဆုံးတွေ့ဆုံထားတဲ့ ဂျာမန်ဖလားမှာရော ပထမအကျော့မှာပါ ရှော်လ်ကေးကိုမိုချန်ဂလာဘတ်တို့ အနိုင်ရထားပါတယ်။ ဒါပေမဲ့ ဒီရာသီမိုချန်ဂလာဘတ်ရဲ့ အဝေးကွင်းရလဒ်ကတော့အားရစရာမရှိပါဘူး။ မိုချန်ဂလာဘတ်အတွက်အမြင့်ဆုံးမျှော်မှန်းနိုင်တာသရေပါ။

ပြင်သစ်လီဂူးပွဲစဉ် (၃၁)
မာဆေးလ် - ရန်းစ် (၁၉-၃-၂၀၁၆ နံနက် ၂း၀၀)
မာဆေးလ်ရဲ့ (၁-၁)ဂိုးသရေရလဒ် သံပတ်က ဒီပွဲမှာတော့ရပ်တန့်သွားဖို့များတယ်။ ရန်းစ်ကချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့အသင်းဖြစ်ပြီး အဝေးကွင်းဆိုပေမယ့် အမှတ်ရအောင်ယူလိမ့်မယ်။

အင်္ဂလန်လိဂ်ချန်ပီယံရှစ်ပွဲစဉ်(၃၈)       
မစ်ဒယ်ဘရော့ - ဟားလ်စီးတီး (၁၉-၃-၂၀၁၆ နံနက် ၂း၁၅)
နှစ်သင်းစလုံးခြေကျနေပြီး မစ်ဒယ်ဘရော့ကတော့ ရှုံးပွဲများနေတယ်။ ဟားလ်စီးတီးကလည်း အဝေးကွင်းမှာ အနိုင်ရဖို့မလွယ်လို့ သရေကျဖို့များပါတယ်

Credit – eleven sport




အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment