Thursday, March 10, 2016

ဥရောပပွဲစဉ်များပွဲကြိုသုံးသပ်ချက်

က်ဒင်း - ခရစ္စတယ်ပဲလေ့စ် (၁၂-၃-၂၀၁၆ နံနက် ၂း၁၅)
ရက်ဒင်းကလိဂ်ချန်ပီယံရှစ်မှာ ရလဒ်ပိုင်းတည်ငြိမ်ပါတယ်။ FA ဖလားပြိုင်ပွဲပြီးခဲ့တဲ့အဆင့်မှာလည်း ၀က်စ်ဘရွန်းကိုဝေးကွင်းမှာ ဂိုးပြတ်အနိုင်ကစားခဲ့ပါတယ်။ ပဲလေ့စ်က စပါးကိုကျော်ပြီးတက်လာတဲ့အသင်းဆိုပေမယ့် ခြေစွမ်းပိုင်းစိတ်မချရဘူး။ ရက်ဒင်းထက်သာတယ်ဆိုပေမယ့် အဝေးကွင်းပွဲစဉ်ဖြစ်နေတယ်။ လိဂ်ချန်ပီယံရှစ်အသင်းတွေရဲ့မာကျောမှုကိုလည်း လျှော့မတွက်သင့်ဘူး။ ရက်ဒင်းအနိုင်ရသွားနိုင်တယ်။

စပိန်လာလီဂါပွဲစဉ်(၂၉)
မာလာဂါ - စပို့တင်းဂီဂျွန် (၁၂-၃-၂၀၁၆ နံနက် ၂း၀၀)
မာလာဂါခုတလော ခံစစ်ကစားပုံပျော့သွားပြီး (၅)ပွဲဆက်နိုင်ပွဲပျောက်သွားတယ်။ ဂီဂျွန်ကလည်းတန်းဆင်းဇုန်ကနေ ရုန်းထွက်နေတဲ့အသင်းဖြစ်ပေမယ့် (၃)ပွဲဆက်ရှုံးပွဲကြုံထားလို့ ဒီပွဲမှာ ပိုအားထည့်လာနိုင်တယ်။ ဒါပေမဲ့ ဂီဂျွန်ခံစစ်စိတ်မချရတာကြောင့်မာလာဂါနဲ့ ဂိုးအများပဲကောင်းတယ်။

အီတလီစီးရီးအေပွဲစဉ် (၂၉)
ဂျူဗင်တပ်စ် - ဆာဆူအိုလို (၁၂-၃-၂၀၁၆ နံနက် ၂း၁၅)
ဂျူဗင်တပ်စ်အသင်းက အတ္တလန်တာနဲ့ပွဲမှာလည်း အကောင်းဆုံးခံစစ်နဲ့ စိတ်ချရတဲ့တိုက်စစ်ကစားပုံကိုထပ်ပြခဲ့တယ်။ ဆာဆူအိုလိုကလည်း အေစီမီလန်အသင်းနဲ့ပွဲမှာ ခြေစွမ်းပြကစားနိုင်ခဲ့တာကိုတွေ့ရတယ်။ အယ်လီဂရီရဲ့အသင်းက ဒီပွဲပြီးရင် ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်သွားကစားရမယ်။ ဒါပေမဲ့စီးရီးအေပြိုင်ပွဲကလည်း ပန်းဝင်ချိန်ကိုရောက်နေပြီဖြစ်လို့အမှားခံမှာမဟုတ်ပါဘူး။ ဒီတော့ ဂျူဗင်တပ်စအသင်းအနိုင်ရအောင်ကစားမယ်။ ဒါပေမဲ့ ဆာဆူအိုလိုရဲ့ခံကန်အားကိုလည်း ကြိုက်တယ်။ (၂-၁)လောက်ပဲဖြစ်လိမ့်မယ်။

ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ်(၂၆)
ဟာသာဘာလင် - ရှော်လ်ကေး (၁၂-၃-၂၀၁၆ နံနက် ၂း၀၀)
ပထမအကျော့တုန်းကရှော်လ်ေကးတို့အနိုင်ရခဲ့ပေမယ့် အခုဟာသာဘာလင်ကွင်းမှာတော့ လွယ်လွယ်ကူကူ အနိုင်ရဖို့မဖြစ်နိုင်ပါဘူး။ ဒီရာသီမှာ ဟာသာဘာလင်တို့အိမ်ကွင်းရှုံးပွဲ(၁)ပွဲပဲရှိပါသေးတယ်။ ရှော်လ်ကေးရဲ့အဝေးကွင်းရလဒ်ကလည်းမကောင်းပါဘူး။ ဟာသာဘာလင်မရှုံးပါဘူး။

ပြင်သစ်လီဂူးပွဲစဉ်(၃၀)
မိုနာကို - ရင်းစ် (၁၂-၃-၂၀၁၆ နံနက် ၂း၀၀)
ရင်းစ်ရဲ့ အဝေးကွင်းခြေစွမ်းကယုံကြည်စရာမကောင်းဘူး။ နောက်ဆုံး (၆)ပွဲမှာ (၅)ပွဲက အနည်းဆုံး (၂)ဂိုးပေးထားရတဲ့ ခံစစ်ကြောင့်လည်း နိုင်ပွဲပြန်ရှာမယ့် မိုနာကိုဆီက မျှော်လင့်စရာသိပ်မရှိဘူး။ မိုနာကိုနဲ့ ဂိုးအနည်းပါ။

Credit – eleven sport







အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment