Saturday, March 5, 2016

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း ဥရောပခြေစမ်း ခရီးစဉ်တွင် ခြေစမ်းပွဲငါးပွဲ အနိမ့်ဆုံးကစားမည်

မကြာခင်စတင်တော့မယ့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းရဲ့ ဥရောပခြေစမ်း ခရီးစဉ်မှာ အနိမ့်ဆုံး ခြေစမ်းပွဲငါးပွဲ ကစားမယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ထံမှ သိရပါသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဟာ မူလကဂျာမနီ တစ်နိုင်ငံတည်းကိုသာ စေလွှတ်ဖို့ စီစဉ်ထားပေမယ့် အာဆီယံဆူဇူကီး ဖလားပြိုင်ပွဲမှာ အောင်မြင်မှုရစေဖို့ ဆလိုဗက်ကီးယားနဲ့ ဟန်ဂေရီနိုင်ငံတွေကိုပါ သွားရောက် လေ့ကျင့်မယ်လို့ သိရပါသည်။

“ခြေစမ်းခရီးစဉ်ကို လာမယ့် စက်တင်ဘာလ ၁၂ရက်နေ့က စတင်မှာပါ။ အနိမ့်ဆုံးခြေစမ်းပွဲ ငါးပွဲကစားမှာပါ။ခြေစမ်းကစားမယ့် အသင်းတွေကို အတိအကျ မပြောနိုင်သေးပေမယ့် ဂျာမနီဒုတိယတန်း ကလပ်တွေနဲ့ တတိယတန်း ကလပ်တွေကို ကမ်းလှမ်းမှု ပြုလုပ်ထားပါတယ်”လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးကပြောပါသည်။

လက်ရှိအချိန်မှာ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းကို ပဏာမ ကစားသမား၃၄ဦးဖြင့် ဖွဲ့စည်းထားပြီး မြန်မာနေရှင်နယ်လိဂ် ခြေစွမ်းပြနေတဲ့ ကစားသမားတွေကို ထပ်မံရွေးချယ်ဖို့ကို နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ဆန္ဒရှိနေ တယ်လို့ သိရပါသည်။

Credit – Soccer Myanmar



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment