Tuesday, March 1, 2016

မြန်မာနေရှင်နယ်လိဂ် ဂိုးသွင်းအများဆုံး စာရင်းကို ခရစ္စတိုဖာ ဦးဆောင်

၂၀၁၆ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၈) အပြီးမှာ ဧရာဝတီအသင်းတိုက်စစ်မှူး "ခရစ္စတိုဖာ"က သွင်းဂိုးအရေအတွက် စုစုပေါင်း (၇)  ဂိုးနဲ့ ဂိုးသွင်းအများဆုံးစာရင်းကို ဦးဆောင်နေပါတယ်။

သူ့နောက်မှာတော့ ရတနာပုံတိုက်စစ်မှူး ကိသ်က သွင်းဂိုး (၆) ဂိုး ၊ ရန်ကုန် တိုက်စစ်မှူး အက်ဒီဆင် နဲ့ ရခိုင် တိုက်စစ်မှူး အန်ဒရေတို့က (၅) ဂိုးစီနဲ့ ရပ်တည်နေပါတယ်။

ဒါ့အပြင် အဲဒီစာရင်းရဲ့ ထိပ်ဆုံးဆယ်ဦးမှာ ပြည်တွင်းကစားသမားဆိုလို့ ဇွဲကပင်အသင်းက "အောင်မိုး" တစ်ဦးတည်းသာ ပါဝင်နေတာကိုတွေ့ရပါတယ်။ မြန်မာလိဂ် ၂၀၁၃၊ ၂၀၁၄ နဲ့ ၂၀၁၅ ပြိုင်ပွဲတွေမှာလည်း ရန်ကုန် တိုက်စစ်မှူးဟောင်း ဘရာဇီးနိုင်ငံသား ဆီဇာက ဂိုးသွင်းအများဆုံးဆုကို သုံးနှစ်ဆက်တိုက် ရရှိခဲ့ပါတယ်။

Credit - 7 Day Daily




အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment