Sunday, March 13, 2016

ရမ်ဆေး လေးပတ် အနားယူရမယ်လို့ ဝင်းဂါးအတည်ပြု

ဟူးလ် အသင်းကို 0-4 နဲ့အနိုင်ရတဲ့ FA ပြန်ကန်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေးဟာ လေးပတ်လောက် အနားယူရမယ်လို့သိရပါတယ်။

ရမ်ဆေး ရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီး သတင်းထောက်တွေရဲ့အမေးကိုတော့ နည်းပြ ဝင်းဂါက " သူ ဒီရာသီကုန်အထိ နားရမယ်လို့တော့မထင်ပါဘူး။ ဆေးစစ်ချက်တွေအရတော့ ဒဏ်ရာက အပြင်းအထန်ကြီးမဟုတ်တော့ မူလမျှော်လင့်ထားခဲ့တဲ့အတိုင်း လေးပတ်လောက်ပဲအနားယူရမယ်ထင်ပါတယ်" လို့ ဖြေကြားသွားခဲ့ပါတယ်။



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment