ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှုးဖြစ်သူအက်ဒီဆင်ကာဗာနီက အနာဂတ်မှာပရီးမီးယားလိဂ်ကိုပြောင်းရွေ့ဖို့ကိစ္စနဲ့ပက်သက်ပြီး ငြင်းဆန်ခြင်းမပြုခဲ့ပါဘူး။ ကာဗာနီကိုပြီးခဲ့တဲ့ရက်ပိုင်တုန်းကပရီးမီးယားလိဂ်ကလပ်အသင်းကြီးများဖြစ်ကြသောမန်ချက်စတာယူနိုက်တက်နဲ့ချဲလ်ဆီးအသင်းများကချိတ်ဆက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရှိ၇ပါတယ်။ ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှုးက Fox Sports သို့ပြောကြားခဲ့ရာမှာ "ပရီးမီးယားလိဂ်ကိုပြောင်းရွေ့ကစားဖို့စိတ်မ၀င်စားဘူးလို့ဖြေကြားခဲ့ရင်တော့ဒါဟာလိမ်ပြောရာကျသွားမှာပါ။ အဲဒီမှာသွားရောက်ကစားဖို့စဉ်းစားနေမှုဟာ သာမန်ကိစ္စတစ်ခုပဲဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဟာအလွန်ကောင်းမွန်လှတဲ့ပြိုင်ပွဲတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်မှာပြိုင်ဆိုင်မှုအပြင်းထန်ဆုံးဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ကျွန်တော်ဟာပီအက်စ်ဂျီအသင်းရဲ့ကစားသမားတစ်ဦးဖြစ်တာကြောင့် ကျွန်တော်ကိုယ်စားပြုနေတဲ့ကလပ်အသင်းပေါ်မှာလေးစားမှုရှိရမှာဖြစ်ပါတယ်။ ဒါပေမယ့် အနာဂတ်မှာဘာတွေဖြစ်လာမလဲဆိုတာတော့မသိနိုင်ပါဘူး။ အမှန်တရားကတော့ ပရီးမီးယားလိဂ်ဟာကျွန်တော့်ကိုအများကြီးဆွဲဆောင်နိုင်တဲ့ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။
Credit – sport myanmar
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment