Monday, March 14, 2016

FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်များ ထွက်ပေ

FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်များကို တနင်္လာနေ့က ရေးဆွဲထုတ်ပြန်ခဲ့ရာ ၀က်ဖို့ဒ်နှင့် ခရစ္စတယ်ပဲလေ့စ်တို့ ဆုံတွေ့ခဲ့ကြပြီး မန်ယူအသင်းမှာ ပြန်ကန်ပွဲတွင် ၀က်စ်ဟမ်းကို အနိုင်ရရှိ ခဲ့ပါက အဲဗာတန်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဆီမီးဖိုင်နယ်ပွဲစဉ် များကို ဧပြီလ (၂၃၊ ၂၄)ရက်နေ့များတွင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ၀င်ဘလေကွင်းတွင် ကစားရမည် ဖြစ်သည်။

မန်ယူအသင်းသည် ၀က်စ်ဟမ်းကွင်း၌ ပြန်ကန်ပွဲ ကစားရဦးမည်ဖြစ်သော်လည်း ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရှိရသည်။

ခရစ္စတယ်ပဲလေ့စ် - ၀က်ဖို့ဒ်
အဲဗာတန် - မန်ယူ (သို့မဟုတ်) ၀က်စ်ဟမ်း

Credit – eleven sport





အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment