ပရီးမီးယားလိဂ်ပြိုင်ပွဲကို ထိပ်ဆုံးက ဦးဆောင်နေတဲ့ လက်စတာ အသင်းဟာ (၂၀၁၅)ခုနှစ် မေလ မှာ ကုန်ဆုံးတဲ့ ဘဏာရေးနှစ်မှာ အကြို အခွန်နှစ်ပတ်လည်ဝင်ငွေ ပေါင်(၂၆ ဒသမ ၄)သန်း အမြတ်ငွေ ရရှိခဲ့ တယ်လို့ ကြေညာလိုက်ပါတယ်။ဒါဟာ လက်စတာ အသင်းအတွက် စံချိန်တင်အမြတ်ငွေ ရရှိခဲ့တာဖြစ်တယ်လို့ လည်းသိရပါတယ်။ပြီးခဲ့တဲ့ (၂၀၁၃-၁၄)ခုနှစ် က လက်စတာ အသင်းဟာ ပေါင်( ၂၀ ဒဿ မ ၈)သန်း ဆုံးရှုံးမှု့ နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သိသိသာသာ အမြတ်ငွေတိုးတက်လာခဲ့တာလည်းဖြစ်ပါတယ်။သမိုင်းမှာ အအောင်မြင်ဆုံး ဘဏာရေးနှစ်ဖြစ်တယ်လို့လည်း လက်စတာစီးတီး အသင်းရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။ပျှမ်းမျှပရိသတ်တွေ အနေနဲ့ ဆယ်စုနှစ်တစ်ခုအတွင်း ထိပ်ဆုံးရောက်တဲ့ ပထမဆုံးနှစ်မှာ ပရိသတ် (၂ သောင်း ငါးထောင် )ကျော်ကနေ (သုံးသောင်း တစ်ထောင်ကျော်)အထိ တိုးလာခဲ့တယ်လို့ လည်းသိရပါတယ်။လက်စတာ အသင်းဟာ အခုအချိန်မှာ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ ဒုတိယနေရာမှာ ရပ်တည်နေတဲ့ စပါးအသင်းကို (၃)မှတ်ဖြတ်ကာ အမှတ်ပေးဇယား အဆင့်(၁)နေရာမှာ ရပ်တည်နေတာပဲဖြစ်ပါတယ်
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment