Saturday, March 19, 2016

လက်စတာအမှားအယွင်းမရှိနိုင်ပွဲရယူနိုင်ခဲ့ပြီး ချယ်လ်ဆီးအိမ်ကွင်းမှာ သရေဖြင့်သာကျေနပ်ခဲ့ရ

ပုံစံကောင်းတွေနဲ့လက်စတာအသင်းဟာ ဒီနေ့ပွဲမှာလည်း နိုင်ပွဲရယူနိုင်ခဲ့လို့ ချန်ပီယံအိပ်မက်အတွက် ပိုမိုအသက်ဝင်လာခဲ့ပါတယ်။ ထုံးစံအတိုင်းပဲ ကစားပုံက ထင်သလောက်ဖိအားမပေးနိုင်ခဲ့ပေမယ့် ထိရောက်တဲ့တိုက်စစ်ဆင်နိုင်မှု၊ ကျစ်လစ်သိပ်သည်းတဲ့ ခံစစ်ကစားပုံတွေက အကောင်းဆုံးအနေထားမှာရှိခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းက ဖိအားပေးကစားနိုင်ခဲ့ပေမယ့် အဒီဘာယော၊ ဇာဟာတို့ရဲ့ခြေစွမ်းပျောက်ဆုံးနေတာတွေကြောင့်လည်း ပဲလေ့စ်အသင်းရုန်းကန်ခဲ့ရတာပါ။ လက်စတာအသင်းရဲ့အနိုင်ဂိုးကိုတော့ ပွဲချိန် (၃၄)မိနစ်မှာ ဗာဒီရဲ့ဖန်တီးမှုမှတစ်ဆင့် မာရက်ဇ်က အပိုင်သွင်းယူသွားခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် လက်စတာအသင်းဟာ ဒုတိယနေရာက စပါးအသင်းကို (စပါး- ဘုန်းမောက်ပွဲမတိုင်မီ) ၈မှတ်အထိဖြတ်ထားနိုင်ခဲ့ပါတယ်။ အခြားပွဲစဉ်တစ်ပွဲဖြစ်တဲ့ ချယ်လ်ဆီးနဲ့ ၀က်စ်ဟမ်းအသင်းတို့ပွဲစဉ်မှာတော့ တစ်ဖက်နှစ်ဂိုးစီနဲ့ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ လန်ဒန်ဒါဘီ ပွဲစဉ်ဖြစ်တာနဲ့အညီ နှစ်သင်းစလုံး အဓိကကစားသမားအစုံအလင်နဲ့ပဲပွဲထွက်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပွဲကမြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့ပေမယ့် ချယ်လ်ဆီးအသင်းရဲ့ကစားပုံက သိပ်ပြီးတိုးတက်လာတာ မတွေ့ရခဲ့ပါဘူး။ အထူးသဖြင့် ပါယက်၊ လန်ဇီနီတို့ကို ချယ်လ်ဆီးနောက်ခံလူတွေခက်ခက်ခဲခဲထိန်းချုပ်ခဲ့ရသလို တိုက်စစ်ကစားသမား ရီမီကလည်းပုံမှန်ခြေစွမ်းအောက်ရောက်နေခဲ့ပါတယ်။ ၀ီလီယံနဲ့ ဖာဘရီဂတ်စ် နှစ်ဦးတည်းသာ အကောင်းဆုံးအနေထားမှာရှိခဲ့တာပါ။ ချယ်လ်ဆီးအသင်းရဲ့ဂိုးတွေကို ပြစ်ဒဏ်ဘောနဲ့ ပယ်နယ်တီတို့မှ ဖာဘရီဂတ်စ်တစ်ဦးတည်းကသွင်းယူခဲ့ပြီး ၀က်စ်ဟမ်းအသင်းရဲ့ဂိုးတွေကိုတော့ လန်ဇီနီနဲ့ လူစားဝင်ကစားသမား ကာရိုးလ်တို့ကသွင်းယူသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရလဒ်များ
အဲဗာတန် ၀-၂ အာဆင်နယ်
ခရစ္စတယ်ပဲလေ့စ် ၀-၁ လက်စတာ
ဝက်စ်ဘရွန်း ၀-၁ နောဝစ်ခ်ျ
ဝက်ဖို့ဒ် ၁-၂ စတုတ်စီးတီး
ချယ်လ်ဆီး ၂-၂ ၀က်စ်ဟမ်း
ဆွမ်ဆီး ၁-၀ အက်စတွန်ဗီလာ

လာလီဂါရလဒ်များ
စပို့တင်းဂီဂျွန် ၂-၁ အက်သလက်တီကို
ဆိုစီဒက် ၀-၁ လက်စ်ပါမား
ဂရန်နာဒါ ၂-၂ ဗယ်လက်ကာနို
ဒီပို့တီဗို ၂-၁ လီဗန်တေး

စီးရီးအေရလဒ်များ
အမ်ပိုလီ ၀-၀ ပါလာမို
ရိုးမား ၁-၁ အင်တာမီလန်

ဘွန်ဒစ်လီဂါရလဒ်များ
ဝုလ်ဖ်ဘတ် ၁-၁ ဒမ်းစတက်ဒ်
ဟမ်းဘတ် ၁-၃ ဟော်ဖန်ဟင်မ်
ဝါဒါဘရီမင် ၁-၁ မိန့်ဇ်
ကိုလုံး ၀-၁ ဘိုင်ယန်မြူးနစ်
ဟာသာဘာလင် ၂-၁ အင်ဂိုးစတက်ဒ်
ဖရန့်ဖတ် ၁-၀ ဟန်နိုဗာ

ပြင်သစ်လီဂူးရလဒ်များ
စိန့်အက်တီယန် ၃-၀ မောင့်ပယ်လီယာ
အန်ဂါစ် ၅-၁ လော်ရီယန့်
လိုင်လီ ၁-၀ တူးလူး
ကိန်း ၂-၁ ထရိုင်စ်
ရင်းစ် ၀-၁ ဂူအင်ဂမ့်
လိုင်ယွန် ၂-၀ နန့်စ်

လိဂ်ချန်ပီယံရှစ်ရလဒ်များ
ဒါဘီ ၁-၀ နော်တင်ဟမ်
ဘာမင်ဂမ် ၁-၁ ဖူဟမ်
ဘရန့်ဖို့ဒ် ၀-၁ ဘလက်လန်း
ဘရစ္စတိုးလ်စီးတီး ၆-၀ ဘော်လ်တန်
ဘန်လေ ၁-၁ ၀ုလ်ဗ်
အစ်ဝစ်ခ်ျ ၀-၁ ရော့သာဟမ်
လိဒ်စ် ၁-၄ ဟတ်ဒါဖီးလ်
MK ဒွန်း ၁-၂ ဘရိုက်တန်
ပရက်စတန် ၁-၁ QPR
ရက်ဒင်း ၁-၁ ကာဒစ်
ရှက်ဖီးဝင်းစ်ဒေး ၃-၀ ချာလ်တန်

Credit – eleven sport




အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment