၁၉၉၀ကမ္ဘာ့ဖလား ချန်ပီယံဂျာမနီအသင်းခေါင်းဆောင်လိုသာမားသီးယက်စ်က လာမည့်(၃)နှစ်အတွင်း အင်္ဂလန်အသင်းသည် ကမ္ဘာ့အကောင်းဆုံးစာရင်းဝင်ဖြစ်လာမည်ဟု သုံးသပ်ခဲ့သည်။
ပြီးခဲ့သည့် စနေနေ့က ဂျာမနီအသင်းကို (၂-၀)ဂိုးဖြင့် ရှုံးနိမ့်နေရာမှာ ပြန်လည်အနိုင်ယူခဲ့သည့် အင်္ဂလန်အသင်းကို လိုသာမားသီးယက်စ်က ချီးကျူးခဲ့ပြီး ပွဲအပြီးတွင် '' ဂျာမနီနည်းပြ ဂျိုးအာချင်လိုး၊ ကစားသမားတွေနဲ့ ပရိသတ်တွေအတွက် ဒီရလဒ်ဟာ
စိတ်ပျက်စရာကောင်းပါလိမ့်မယ်။
ဒါပေမဲ့ အင်္ဂလန်အသင်းရဲ့ ဘောလုံးအဆင့်အတန်းကို နားလည်ရပါမယ်။
အထူးသဖြင့် ဒီနေ့ပွဲ က ဒုတိယပိုင်းစွမ်းဆောင်ရည်ပေါ့။
ဒီစွမ်းဆောင်ရည်က ကျွန်တော်တို့ ဂျာမနီထက် ပိုမိုကောင်းမွန်ခဲ့ပါတယ်။
ဒါကြောင့် ရလဒ်ကို ဒေါသထွက်နေစရာ မလိုပါဘူး။
လူငယ်တွေနဲ့ အင်္ဂလန်အသင်းကို မြင်လိုက်ရချိန်မှာ ကျွန်တော်အံ့အားသင့်မိပါသေးတယ်။
ဒါပေမဲ့ ဒီလူငယ်တွေကပဲ အင်္ဂလန်အသင်းကို နိုင်ပွဲဆီ အကောင်းဆုံးအားထုတ်ပြီး ပို့ဆောင်ပေးခဲ့တာပါ။
လာမယ့် ယူရိုပြိုင်ပွဲနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွေအတွက် အသင်းကောင်းတစ်သင်းကို အင်္ဂလန်နည်းပြ ရွိုင်းဟော့ဒ်ဆန် တည်ဆောက်နိုင်မယ်လို့ ကျွန်တော်ထင်တယ်'' ဟု ပြောကြားခဲ့သည်။
Credit – eleven sport
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment