၂၀၁၆ မြန်မာနေရှင် နယ်လိဂ်အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၀) အပြီးတွင် ဂိုးသွင်းအများ ဆုံးစာရင်း၌ ရတနာပုံအသင်း တိုက်စစ်မှူး ကိသ်မာတူနာက သွင်းဂိုးကိုးဂိုးဖြင့် ဦးဆောင်ထားသည်။
ပြီးခဲ့သည့် ပွဲစဉ်(၉)အပြီး၌ ဧရာဝတီအသင်း တိုက်စစ်မှူး ခရစ္စတိုဖာနှင့် ရတနာပုံတိုက်စစ် မှူး ကိသ်တို့က သွင်းဂိုးခုနစ်ဂိုးစီ ဖြင့် ပူးတွဲဦးဆောင်ထားသော် လည်း ပွဲစဉ်(၁၀)တွင် ကိသ်က နှစ်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့သည့်အတွက် ကိသ်က ဂိုးသွင်းအများဆုံးစာရင်း၌ တစ်ဦးတည်း ဦးဆောင် ခွင့်ရခဲ့သည်။
ဂိုးသွင်းအများဆုံး စာရင်း တွင် ရတနာပုံတိုက်စစ်မှူးကိသ် က သွင်းဂိုးကိုးဂိုးဖြင့် ပထမ၊ ဧရာဝတီအသင်း တိုက်စစ်မှူး ခရစ္စတိုဖာနှင့် ရခိုင်တိုက်စစ်မှူး အန်ဒ ရေတို့က သွင်းဂိုးခုနစ်ဂိုးဖြင့် ပူး တွဲ ဒုတိယနေရာ၌ ရပ်တည်နေ သည်။ ၎င်းတို့နောက်၌ ရန်ကုန် တိုက်စစ်မှူးအက်ဒီဆင်နှင့် ဟံ သာဝတီတိုက်စစ်မှူး အိုင်ဗန်တို့ က သွင်းဂိုးငါးဂိုးစီ၊ ဇွဲကပင်ကစား သမား အောင်မိုးနှင့် ကန်၊ ဇေယျာရွှေမြေတိုက်စစ်မှူး ဗစ်တာ၊ မကွေးတိုက်စစ်မှူးဆိုင်လာ၊ ရတနာပုံတိုက်စစ်မှူး ဝင်းနိုင်စိုးနှင့် အောင်သူ၊ ဟံသာဝတီတိုက်စစ်မှူး ဘမ်ဘာတို့က သွင်းဂိုးလေးဂိုးစီ သွင်းယူထားသည်။
၂၀၁၆ မြန်မာနေရှင်နယ် လိဂ်ပြိုင်ပွဲတွင် ပြည်ပကစားသ မားသုံးဦးသာ တစ်ပြိုင်နက် အသုံးပြုခွင့်ပေးသည့် စည်းမျဉ်းသစ် ကြောင့် ပြည်တွင်းကစားသမား များ ပွဲထွက်ကစားခွင့် ပိုမိုရရှိခဲ့ သော်လည်း ဂိုးအများဆုံး သွင်းယူ နိုင်သူများစာရင်း၌ ပြည်ပကစားသမားများကသာ လွှမ်းမိုးထား သည်။
ပြီးခဲ့သည့် မြန်မာလိဂ် ၂၀၁၃၊ ၂၀၁၄ နှင့် ၂၀၁၅ ပြိုင်ပွဲ များတွင်လည်း ရန်ကုန်တိုက်စစ် မှူးဟောင်း ဘရာဇီးနိုင်ငံသား ဆီ ဇာက ဂိုးသွင်းအများဆုံးဆုကို သုံးနှစ်ဆက်ရရှိခဲ့သည်။
Credit – 7daydaily
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment