အန်တိုနီမာရှယ် ၊ ပြီးတော့ အခု မားကပ် ရက်ဖို့ဒ် ။ မန်ယူအသင်းအတွက် ပွဲဦးထွက် ကာလမှာတင် ခြေစွမ်း ပြသနိုင်ပြီး ပရိသတ် အချစ်တော် ကစားသမားတွေဖြစ် လာခဲ့ကြပါတယ် ။ ဒါ့အပြင် စတင် ပွဲထွက် တဲ့ကာလမှာ ပဲ တလတာအ ကောင်းဆုံး ကစားသမားဆု အတွက် စကာတင် စာရင်းထဲမှာပါဝင် ခဲ့ကြပါတယ်။ မစ် ဂျယ် လန်း ၊ အာဆင် နယ် တို့နဲ့ ပွဲမှာ ခြေစွမ်းပြဂိုးတွေသွင်းယူပေးနိုင် ခဲ့တဲ့ ၁၈ နှစ် သားလေးဟာ မန်ယူအသင်းရဲ့ ဖေ ဖော် ၀ါရီလအတွက် အ ကောင်းဆုံး ကစားသမားဆုအတွက် စကာတင် ၃ ဦးစာရင်းမှာ ဒီပိုင်း ၊ လင် ဂတ် တို့နဲ့ အတူပါဝင် လာခဲ့ပါတယ် ။ သူတို့တွေရဲ့ ဖေ ဖော် ၀ါ ရီ စွမ်းဆောင် မှုတွေက တော့……
ဂျက်ဆီလင်ဂတ် - ၇ ပွဲ ၊ ၃ ဂိုး ။ စတုတ် စီးတီးအသင်းကို ၃-၀ နဲ့ အနိုင် ရတဲ့ ပွဲမှာ အဖွင့်ဂိုးကို သွင်းယူပေးခဲ့ ပါတယ် ။ ဒါ့အပြင် ချဲလ်ဆီး အသင်းနဲ့ ၁ ဂိုးစီ သ ရေကျခဲ့တဲ့ ပွဲမှာလည်း အသင်းအတွက် ဦးဆောင် ဂိုးကို သွင်းယူပေးနိုင် ခဲ့ပါတယ် ။ ရှယ် ရီ ဘူရီ အသင်းကို ၃-၀ နဲ့ အနိုင် ရခဲ့တဲ့ FA Cup ပွဲစဉ် မှာလည်း ၁ဂိုးသွင်းယူ နိုင် ခဲ့သလို အာဆင် နယ် အသင်းနဲ့ ပွဲစဉ် မှာလည်း ရက်ဖို့ဒ် ရဲ့ ဒုတိယဂိုးကို ဖန် တီးပေးခဲ့ပါတယ်။
“နည်းပြ က ကျွန်တော် ဒဏ် ရာကပြန် ကောင်းလာပြီးတဲ့ နောက် မှာ ပုံစံကောင်းပြန် ရလာမယ် လို့ ပြောခဲ့ပါ တယ် ။ အခု ကျွန်တော် ပုံမှန်ခြေစွမ်းကိုပြန် ရလာပါပြီ ။ ကျွန်တော် ရှေ့ဆက် ကြိုးစားရပါမယ်” - လင် ဂတ်
မမ်းဖစ်ဒီပိုင်း - ၇ ပွဲ ၊ ၂ ဂိုး ။ တနှစ် လုံးနီးပါးခြေမ ပေါ်ခဲ့တဲ့ နယ်သာလန် သားဟာ ဖေ ဖော် ၀ါရီမှာတော့ ခြေ စွမ်းတွေပြန် လည် ရရှိလာခဲ့ပုံပါပဲ ။ ချဲလ်ဆီးအသင်းနဲ့ သ ရေကျခဲ့တဲ့ ပွဲစဉ် မှာ လူစားလဲဝင် လာခဲ့ပြီး ၂-၀ နဲ့ ဦးဆောင်နိုင် မယ့် အခွင့်အ ရေးကို ဖြုန်းတီးပစ် ခဲ့တာကြောင့် ပရိသတ်တွေရဲ့ စိတ် ပျက် မှုကိုခံခဲ့ရပါတယ် ။ ဒါပေမယ့် မစ် ဂျယ် လန်း ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် မှာ အဖိုးတန် အ ဝေးဂိုးသွင်းယူပေးနိုင် ခဲ့သလို ဂိုးပြတ် အနိုင် ရခဲ့တဲ့ ဒုတိယအ ကျော့မှာလည်း ၁ ဂိုးသွင်းနိုင် ခဲ့သလို Man of the Match ရရှိခဲ့တဲ့ အထိ အစွမ်းပြနိုင် ခဲ့ပါ တယ်။ အာဆင် နယ် အသင်းနဲ့ ပွဲစဉ် မှာလည်း ပုံစံကောင်းပြသနိုင် ခဲ့ပါတယ်။
“ဂစ် ( လက် ထောက် နည်းပြ ) နဲ့ တွဲဖက် အလုပ် လုပ် ရတာဟာ လေ့ကျင့်ရေးကွင်းမှာ တကယ် အကျိုးရှိခဲ့ ပါတယ် ။ ကျွန်တော့အတွက်လည်း ဘောလုံးကို ပိုပြီးလိုချင် တပ် မက် လာစေခဲ့ပြီး အသစ် အသစ်တွေကို ကြိုးစားကြည့်ချင် လာခဲ့ပါတယ် ။ သူဟာ ကျွန်တော့ကို ပွဲအ ခြေ အ နေကို ဘယ်လို လေ့လာရမယ် ၊ ပွဲရဲ့ အ နေအထားကို ဘယ် လို ကိုင် တွယ် ဖြေရှင်းရမယ် ဆိုတာကို ကောင်းကောင်း သင်ပြ ပေးခဲ့ပါတယ် ။ ဒါဟာ ကျွန်တော့ကို အများကြီး တွန်းအားပေးနိုင် ခဲ့ပြီး အကူအညီလည်းအများကြီးရရှိစေခဲ့ပါတယ်” - ဒီပိုင်း
မားကပ်ရက်ဖို့ဒ် - ၂ ပွဲ ၊ ၄ ဂိုး ။ ၂ ပွဲသာ ကစားခဲ့ရပြီးဖြစ် ပေမယ့် လက် ရှိ မန်ယူအသင်းရဲ့ စိတ် ၀င် စားမှု အခံရဆုံး ကစားသမားဖြစ် သလို ကမ္ဘာ့မီဒီယာတွေထံမှာလည်း ရက်ဖို့ဒ် အ ကြောင်းတွေ ဆက် တိုက် ဆိုသလို ပါလာနေခဲ့ပါတယ် ။ မစ် ဂျယ် လန်း ကို အနိုင် ရခဲ့တဲ့ ပွဲဟာ ရက်ဖို့ဒ် ရဲ့ မန်ယူအသင်းကြီးကစားသမားဘ၀ ပထမဆုံး ဥရောပပွဲထွက် ကစားတာဖြစ်ပြီး အသင်းက ၁-၁ ရလဒ် ဖြစ် နေစဉ် မှာ အ ရေးပါလှတဲ့ သွင်းဂိုး ၂ ဂိုး ကို သွင်းယူပေးခဲ့ပြီး ၃-၁ နဲ့ ဦးဆောင် စေခဲ့ကာ ၅-၁ နဲ့ပြီးဆုံးသွားစေဖို့ အ ကောင်းဆုံး စိတ် ဓါတ် ခွန် အားပေး ခဲ့ပါတယ် ။ အာဆင် နယ် အသင်းနဲ့ ပွဲစဉ် မှာလည်း အားလုံးက မျှော် လင့်မထားတဲ့ အ ခြေ အ နေမှာ အသင်း အတွက် ဦးဆောင် ဂိုး ၂ ဂိုးကို အချိန် တို အတွင်းမှာ သွင်းယူပေးခဲ့ပြီး အသင်းသားတွေရဲ့ စိတ် ဓါတ် ကို မြင့်တင် ပေးခဲ့ပြန် ပါတယ် ။ အဆိုပါပွဲမှာ ပရိသတ် မဲပေးမှုရဲ့ ၈၂% ကို ရရှိခဲ့ပြီး Man of the Match ဆုကို ရရှိ ခဲ့ပါတယ်။
“ကြားရက် တုန်းက ကျွန်တော် ပွဲထွက် ကစားခွင့်ရခဲ့တာ မယုံနိုင် စရာပါပဲ ။ ဘာလို့လည်းဆိုတော့ အန်တိုနီ မာရှယ် သာ ကစားခွင့်ရမယ် လို့ ကျွန်တော် ယုံထားခဲ့တာပါ ။ ဒါပေမယ့် အခု ကျွန်တော် ရရှိတဲ့ အခွင့်အ ရေးကို အ ကောင်းဆုံး အသုံးချနိုင် ခဲ့ပါတယ် ။ ကျွန်တော် ပွဲအတွက် အများကြီးတွေးတောထားတာမျိုးမရှိပါ ဘူး” - ရက်ဖို့ဒ်
အဆိုပါ ၃ ဦးက တော့ မန်ယူ အသင်းအတွက် ဖေ ဖော် ၀ါ ရီ လမှာ အ ကောင်းဆုံး ခြေစွမ်းပြခဲ့ကြသူတွေပါ ။ မန်ယူအ သင်းရဲ့ တရားဝင် Twitter အ ကောင့် ၊ @ManUtd ဒါမှမဟုတ် manutd.compotm တို့မှာ vote လုပ်ပြီး အဆုံးဖြတ် ပေးမှာဖြစ် ပါတယ်။ ဘယ် သူက ဖေ ဖော် ၀ါရီ အတွက် အ ကောင်းဆုံး သရဲနီ လဲ ..။
Credit – sport
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment