Thursday, March 10, 2016

မော်ဒယ်တစ်ယောက်ရဲ့ အဝတ်မဲ့ ဓါတ်ပုံတွေ အွန်လိုင်းပျံ့နှံခဲ့ခြင်းက ဘောလုံးသမား တစ်ယောက်ရဲ့ လုပ်ရပ်လေလား

အာဂျင်တီးနား ရုပ်သံတင်ဆက်သူ နာဒယ်တစ်ယောက် သူမရဲ့ အဝတ်မဲ့ဓါတ်ပုံတွေ အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီးနောက် ကြေကွဲစွာ ခံစားနေရပါတယ်။ လူထုအကြားပြန်နှံ့ခဲ့တဲ့ ထိုဓါတ်ပုံတွေမှာ သူမရဲ့မျက်နှာကိုသေချာဖော်ပြ မထားပေမယ့် သူမရဲ့ ဗိုက်ပေါ်က ငှက်မွှေးပုံ တက်တူးကြောင့် ပရိသတ်တွေက မှတ်မိသွားခဲ့တာပါ။

၂၅ နှစ်အရွယ် အာဂျင်တိုင်းသူကတော့ "ကျမ အဲဒီပုံတွေကို ရည်းစားဟောင်းဆီပဲ ပို့ပေးဘူးခဲ့တာပါ။ အခုလုပ်ရပ်က သူကိုယ်တိုင်ပဲ လုပ်သလား အခြားတစ်ယောက်ကိုပဲ သူက ပုံတွေ ပေးလိုက်တာလားဆိုတာ မသိပါဘူး" လို့ပြောဆိုခဲ့ပြီး ရည်းစားဟောင်း နာမည်ကိုတော့ ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ခဲ့ပါတယ်။

ကောလဟာလ သတင်းတွေအရတော့ သူမရဲ့ ရည်းစားဟောင်းဟာ လက်ရှိဆော်ပေါ်လိုမှာ ကစားနေတဲ့ ဘိုကာဂျူနီယာတိုက်စစ်မှုးဟောင်း ကလာရီ လို့ဆိုခဲ့ပြီးဓါတ်ပုံတွေကို သူ့ငယ်ချင်း ဘိုကာဂျူနီယာ ဂိုးသမား အော်ရီယွန် ဖြန့်ခဲ့တာလို့ ယူဆနေကြပါတယ်။

အော်ရီယွန် ကတော့ အာဂျင်တီးနား သတင်းထောက်တွေရဲ့ အမေးကို "ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော် ဘာမှမလုပ်ပါဘူး။ ကျေးဇူးပြုပြီး မမေးကြပါနဲ့ ကျနော်က ဘောလုံးအကြောင်းပဲ ပြောချင်ပါတယ်" လို့ ဖြေကြားသွားခဲ့ပါတယ်။

အာဂျင်တီးနား နိုင်ငံရဲ့ ဥပဒေအရ ပိုင်ရှင်ခွင့်ပြုချက်မရှိပဲ အကာကွယ်မဲ့ ဓါတ်ပုံတွေ လွှင့်တင်ပါက ရာဇဝတ်မှုမြောက်တာမို့ ထောင်ဒဏ်ချမှတ်ခံရနိုင်ပါတယ်။

Credit- sport




အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment